BEC-TERO TV

YBS မော်တော်ယာဉ်ပေါ်တွင် အင်တာနက် အခမဲ့အသုံးပြုနိုင်မည်

08 Jun 2017     1,486 Views


YBS 37(ယခင် BRT Lite) ဇွန်လ ပထမ ပတ်တွင်ခရီးသွားပြည်သူများအသုံးပြု နိုင်ရန်WiFi Free Service (WiFi အခမဲ့ ဝန်ဆောင်မှု) စတင်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး စမ်းသပ်သည့်အနေဖြင့်Scania ၂ စီးဖြင့်စတင်တပ်ဆင်အသုံးပြုနိုင်ကြောင်း သိရှိရပါတယ်။ ယာဉ်အတွင်း အသုံးပြုပုံ အတွက် ညွန် ကြားချက်စာ ကပ်ထားပေးပါမည်။ကျန် YBS37 ယာဉ်များပေါ်တွင် ဆက်လက်တပ်ဆင်ပေးသွားဖို့စီစဉ်ထားပါတယ်။လက်ရှိတွင်
YBS 37 (ယခင် BRT Lite) ယာဉ်လိုင်းကို ထောက်ကြန့် မှ စံပြ အထိ ပြေးဆွဲခဲ့ရာမှ ၂၀၁၇ ခုနှစ် ဇွန်လ ၇ ရက်နေ့ မှစပြီး ထောက်ကြန့်  ဆူးလေ အဖြစ် လမ်းကြောင်းတိုးချဲ့ပြေးဆွဲမည်ဖြစ်ပါတယ်။

ပြေးဆွဲမည့်လမ်းကြောင်းမှာ ထောက်ကြန့်  - ဝိုင်ယာလက် - စော်ဘွားကြီးကုန်း - ၈ မိုင် - လှည်းတန်း - မြေနီကုန်း - သရက်တော ဗိုလ်ချုပ်ဈေး - ဆူးလေ -  ကမ်းနားလမ်း (ခြောက်ထပ်ရုံး)  - ဘုန်းကြီးလမ်း  စံပြ အတိုင်း ထောက်ကြန့်သို့ပြန်မည်ဖြစ်သည်။ ဂိတ်ဖျားမှာ ယခင် စံပြမှ ခြောက်ထပ်ရုံး (ကမ်းနားလမ်း) သို့ ပြောင်းလဲသတ်မှတ်မည်ဖြစ်သည်။

ယာဉ်စီးခကောက်ခံမှုပုံစံမှာ ထောက်ကြန့် မှ သရက်တော ၂၀၀ ကျပ်၊ သရက်တော မှ ခြောက်ထပ်ရုံး ၁၀၀ ကျပ်၊ ခြောက်ထပ်ရုံး မှ စံပြ ၁၀၀ ကျပ်၊ စံပြ မှ ထောက်ကြန့် ၂၀၀ ကျပ် ဖြစ်သည်။ ထောက်ကြန့် မှ ခြောက်ထပ်ရုံး ခရီးစဉ်အစအဆုံး ၃၀၀ ကျပ် ဖြစ်သည်။

ငွေကောက်ခံမှုအပိုင်းအနေဖြင့် ခရီးစဉ်အစဆုံးလိုက်ပါပြီး card အသုံးပြုမယ့်ခရီးသည်တွေဟာ ကဒ်အပြင် အကြွေ ၁၀၀ ကျပ်ကို ပုံးထဲသီးသန့်ထပ်ထည့်ပေးရမှာဖြစ်ပါတယ်။ Card စနစ်ကို နောက်ပိုင်းတွင် software ပြန်ပြင်မယ်လို့ သိရပါတယ်။


08 Jun 2017     1,486 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS