YBS ယာဉ်မောင်း လွှင့်ထွက်သေဆုံးခဲ့ရတဲ့အထိ ဆိုးရွားခဲ့တဲ့ ယာဉ်တိုက်မှုဖြစ်စဉ်
07 Jun 2017 1,735 Views
၇-၆-၂၀၁၇ မနက် ၅း၄၅ အချိန် ပြည်လမ်း စော်ဘွားကြီးကုန်း ဂတ်စ် ဆိုင်ရှေ့ကားသုံးစီးတိုက်မှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ YBS 11လိုင်းကားယဉ်မှ အရှိန်ဖြင့် လမ်းချော်ကာတစ်ဖက် ယာဉ်ကြောရှိ ကားALFREDနှင့်ဒိုင်နာကားအားဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
YBS ယာဉ်မောင်းကားပေါ်မှ တိုက်သည့်အရှိန်ဖြင့်ပြုတ်ကျသေဆုံးသွားခဲ့ပြီး YBSပေါ်တွင် စီးနှင်းလိုက်ပါလာသူ ခရီးသည်အမျိုးသား၃ဦးဒဏ်ရာရပြီးအမျိုးသမီး၂ဦး ပြင်းထန်ဒဏ်ရာရှိပြီး ဒိုင်နာပေါ်မှ ခေါင်းခန်းဘေးမှလိုက်ပါသူ တဦးဒဏ်ရာရရှိပြည်သူတစ်ဦးမှ ဖုန်းဆက်အကူအညီတောင်းခံသဖြင့်ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှအရေးပေါ် လူနာတင်ယာဉ်၎စီးတပ်ဖွဲ့ဝင် ၁၈ဦးဖြင့်ကယ်ဆယ်ရေးလုပ်ငန်းများကူညီဆောင်ရွက်ခဲ့သည်။
လူနာများနှင့် သေဆုံးသူအားအင်းစိန် ဆေးရုံသို့ပို့ဆောင်ကူညီခဲ့ပြီးယာဉ်တိုက်မှု့ကြောင့်လမ်းပိတ်နေမှုကိုအားယာဉ် ထိန်းတပ်ဖွဲ့ဝင်များနှင့် အတူ ကူညီ လမ်းရှင်းပေးခဲ့ကြောင်းသိရှိရသည်။
CREDIT-Htin Lin Aung.