ရန်ကုန်ကားဂိတ်တွေမှာ လိမ်လည်ရုံတင်မက အတင်းအကြပ် လှည့်ဖြားသူများ
06 Jun 2017 1,387 Views
ရန်ကုန်မြို့က မှတ်တိုင်တွေမှာ လိုက်ပြီး ခရီးသည်တွေထံကနေ. အလိမ်အညာလောင်းကစားတွေနဲ့ လှည့်ဖြားယူနေတဲ့ အဖွဲ့တွေပါ။ စာရေးသူ ကိုယ်တွေ့ပါ၊ တစ်ယောက်စ၊နှစ်ယောက်စ ရောက်လာပါတယ်၊အဲ့နောက်မှာတော့ လူ ၅ ယောက်လောက်ရှိပါမယ်။တစ်ယောက်က ဖျာခင်းရုံနဲ့ကျန်နှစ်ယောက်က စတင် လောင်းကြေးထိုးပါတယ်။
အဲ့နောက် တစ်ခြားသူ ပါ ပါဝင်အောင်ဆွယ်တာတွေ့ရပါတယ်။ အဆိုးဆုံးကတော့ပါဝင်တဲ့သူက မပါဘူးလို့နောက်ပိုင်းငြင်းရင်တောင် အလုအယက်ပါဝင်ခိုင်းပါတယ်။ စာရေးသူတွေ့တာကတော့ ပါရမီလမ်းနဲ့အင်းစိန်လမ်းထောင့် က ဘုရားလမ်း မှတ်တိုင်မှာပါ။ မနက် 7း 30 မှ 9း 30 အတွင်းအချိန်တွေမှာ လာတတ်ပါတယ်။သူတို့အဖွဲ့က အခြေအနေမကောင်းရင် ခပ်တည်တည်နဲ့ အုပ်စုခွဲကာပြန်ထွက်တက်ကြပါတယ်။ သတိထားကြပါ။အဲ့လိုအဖွဲတွေတွေ့ရင် ဆက်သွယ်ပြီး အမြန်အရေးယူပေးနိုင်အောင် စီစဉ်ထားသင့်ပါတယ်။ တာဝန်ရှိသူတွေသိသင့်ပါတယ်။