ဘီယာမရောင်းလို့ သေနတ်ပစ်ဖောက်တဲ့ မြိတ်မြို့ လူကြမ်း တပ်မတော်က ဖမ်းဆီး
06 Jun 2017 1,335 Views
ဇွန်လ ၄ ရက်နေ့ညနေပိုင်းက မြိတ်မြို့ အဝေးပြေး ယဉ်ရပ်နားစခန်းတွင် အမည်မသိသေနတ်သမား တစ်ဦးမှမိုးပေါ်သို့သေနတ် ၅ ချက်ပစ်ဖောက်ကာ ထွက်ပြေးသွားတယ်လို့သိရပါတယ်။
မြိတ်မြို့၊တောရကျောင်းရပ်၊ဂေါက်ကွင်းရှေ့တွင်ရှိသည့်အဆိုပါအဝေးပြေးယာဉ်ရပ်နားစခန်းရှိ”မင်းမျက်ဝန်းစားသောက်ဆိုင်”တွင်အမည်မသိသေနတ်သမားမှာမူးယစ်ရမ်းကားနေပြီးဆိုင်ရှင်မှ ဘီယာဆက်လက်မရောင်းလိုတော့ကြောင်းပြောဆိုရာ မကျေမနပ်ဖြစ်ပြီး ဆိုင်ပြင် သို့ထွက်ကာသေနတ် ၂ချက်ပစ်ဖောက်လိုက်ပြီး ကိုက် ၃၀ ခန့်အကွာ သို့အရောက်တွင်နောက်ထပ် ၃ ချက်ထပ်မံပစ် ဖောက်ခဲ့တယ်လို့ ဆိုင်ပိုင်ဒေါ်သန်းသန်းလွင်မှပြောကြားခဲ့ပါတယ်။
“ ဆိုင်မှာ မူးယစ်ပြီးစားပွဲထိုးကောင်းမလေးတွေ ကိုအမျိုးမျိုးဆဲဆိုနေပါတယ်ဘီယာ တွေလည်း သောက်ပြီးရမ်းကားနေတယ်ကျွန်မက ဆက်မရောင်းချင်တော့ဘူးဒါပေမယ့်ဘီယာတွေ ထပ်မှာတယ်ဒီအချိန်မှာကလေးကငိုတော့ သွားချော့နေတုန်း အဲဒီလူကစားပွဲထိုးကောင်မလေး တွေကိုသေနတ်ထုတ်ပြတယ်ပြီးတော့ အပြင်ကို ထွက်ပြီးမိုးပေါ်ကို ၂ချက်ပစ်ဖောက်လိုက်တယ်။
လူတွေလည်းကြောက်လန့်ပြီးထွက်ပြေးသွား တယ် အဲဒီလူက အောက်ဘက်ကိုထပ်ဆင်း သွားပြီး သေနတ်ကို ၃ ချက်ထပ်ဖောက်လိုက်ပြီး ထွက်ပြေးသွားတယ်”လို့”မင်းမျက်ဝန်း”ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်သန်းသန်းလွင်မှပြော ကြားခဲ့တယ်။
သေနတ်ပစ်မှုဖြစ်ပွားဖြစ်ပြီးနောက်ရဲတပ်ဖွဲ့ဝင်များနှင့် ကလွင်အုပ်ချုပ်ရေးမှူးတို့ ရောက်ရှိလာပြီးသေနတ်သမား ကို လိုက်လံဖမ်းဆိးခဲ့ကြောင်း သိရပါတယ်။
“ သတင်းကြားတာနှင့်ကျွန်တော်ချက်ချင်းရောက်လာတယ် အဝေးပြေးဝင်းဂိတ်ကိုရောက်တာနှင့် မသင်္ကာတဲ့လူတစ်ဦးကိုတွေ့လို့ ဓာတ်ပုံလှမ်းရိုက် လိုက်တာ နောက်တော့သေနတ်ပစ်သမားကအဲဒီ မသင်္ကာတဲ့လူဖြစ်နေတော့ချက်ချင်းပဲကားကို ကွေ့ ပြီးလိုက်ပါတယ်။ ကန်ဖျားပိတောက်ပင်လမ်းဆုံ နားမှာမျက်ခြေပြတ်သွားခဲ့တယ်” လို့ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးငယ် မှပြောကြားခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များက သေနတ်သမားအားရှာဖွေလျက်ရှိသလို မျက်မြင် များကိုလည်းခေါ်ယူမေးမြန်းလျက်ရှိကြောင်းသိရ ပါတယ်။ သိမ်းဆည်းရမိသည့် ကျည်ခွံများဟာ ၉မီလီမီတာ ကျည်အမျိုးအစားဖြစ်ပြီး မြိတ်မြို့မရဲစခန်း မှ သေနတ်သမားကိုဖမ်းဆီးရမိရေး ကိုအဓိကဆောင်ရွက်နေကာတစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးကြောင်းသိရပါတယ်။
Source: မြတ်ထွဋ် ( မြိတ် )