BEC-TERO TV

သတင်းသမားများအား ၆၆ ဃ ဖြင့် အရေးယူနေခြင်း အား မန်းမီဒီယာသမားများကန့်ကွက်ရှုံ့ချသည့်လှုပ်ရှားမှု ပြုလုပ်မည်

06 Jun 2017     1,380 Views


သတင်းမီဒီယာသမားများအား ဆက်သွယ်ရေးပုဒ်မ၆၆(ဃ)ဖြင့် အရေးယူဆောင်ရွက်နေခြင်းကို မန္တလေး
အခြေစိုက်မီဒီယာသမားများအနေဖြင့် ကန့်ကွက်ရှုံချသည့် လှုပ်ရှားမှုအား ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။မန္တလေးအခြေစိုက်မီဒီယာသမား ၂၀ ဦးခန့်သည် မီဒီယာစင်တာမန္တလေးတွင် ဇွန်လ ၅ ရက်နေ့ ညနေ ၄ နာရီခန့်ကစုဝေး၍ ဆွေးနွေးတိုင်ပင်ကာ ယခုကဲ့သို့ ဆုံးဖြတ်ထားကြောင်း မီဒီယာစင်တာမန္တလေး၏ ဖေ့ဘုတ်စာမျက်နှာ၏ ထုတ်ပြန်ချက်အရသိရှိရခြင်းဖြစ်သည်။

 

အဆိုပါထုတ်ပြန်ချက်တွင် မီဒီယာသမားများအပေါ် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားခြင်း
အား ရုတ်သိမ်းပေးရန် ကာကွယ်ရေးဦးစီးချုပ်နှင့်တကွ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးနှင့် လွှတ်တော်(၂)ရပ်သို့ ပန်ကြားလွှာပေးပို့ရန်။ ပုဒ်မ ၆၆(ဃ)ဖြင့်တရားစွဲဆိုခံထားရသည့် The Voice သတင်းစာ
အယ်ဒီတာချုပ်နှင့် သရော်စာရေးသားသူတို့အား ရုံးထုတ်မည့် ၈.၆.၂၀၁၇ ရက်၊ နံနက် ၇ နာရီတွင် မီဒီယာစင်တာ
မန္တလေးရုံးတွင် စုဆုံ၍ အင်္ကျီဖြူတူညီဝတ်ဆင်ကာ လက်ပတ်အမဲရောင်များ ပတ်ပြီး မဟာမုနိဘုရားကြီးသို့ သွားရောက်ကာ ငှက်လွှတ်ခြင်း၊ လူစည်ကားရာဖြစ်သည့်ဈေးချို၊ ဒိုင်းမွန်းပလာဇာ၊ မင်္ဂလာမန္တလေးပလာဇာများ
သို့ သွားရောက်ကာ မန်းသတင်းမီဒီယာသမားများ၏ သဘောထားကြေညာချက်ikအား ဝေငှခြင်း စသည်
တို့ကို လုပ်ဆောင်သွားရန်။

ယခုဖြစ်စဉ်သည် သရော်စာဆောင်းပါးရေးသားခြင်းအား အရေးယူခြင်းဖြစ်သဖြင့် သတင်းမီဒီယာသမားများသာမက စာရေးဆရာ၊ ကာတွန်းဆရာများနှင့်ပါ သက်ဆိုင်သည်ဟု မိမိတို့ကယူဆပြီး ယခုကိစ္စအပေါ်စိတ်ပါဝင်စားသည့် စာရေးဆရာ၊ ကာတွန်းဆရာများနှင့်ပါ တွေ့ဆုံဆွေးနွေးကာ လှုပ်ရှားမှုများလုပ်ဆောင်သွားရန် အစရှိသဖြင့် ဆွေးနွေးဆုံဖြတ်ထားသည်များ ပါရှိသည်။

Source: ချစ်ကို (MDY New)

 


06 Jun 2017     1,380 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS