အမှိုက်များကို စနစ်တကျမစွန့်ပစ်တဲ့ နောက်ဆက်တွဲဆိုးကျိုး
06 Jun 2017 1,626 Views
(၄.၆.၂၀၁၇) ညပိုင်းအချိန်တွင်မြောက်မြင်းပြိုင်ကွင်းလမ်းတစ်ဝိုက် ရေမကျ၍စီစစ်ခဲ့ရာရန်ကင်း၊ရဲတပ်ရင်းဘေးမြေအောက်မြောင်းပိတ်၍ရေမဆင်းကြောင်းတွေ့ ရသဖြင့်ရုံးအငယ်တန်းစာရေးကိုသိန်းဇော် သည်ချက်ချင်းဆိုသလို ဘာမပြောညာမပြောနဲ့ရေထဲဆင်းကာ ရေငုတ်ပြီး ရေထဲမှပိတ်ဆို့နေသောအမှိုက်များကိုဆွဲ ထုတ်ခဲ့ရာမှ နောက်ပိုင်းတွင်လမ်းပေါ်မှရေများလည်း ချက်ချင်းကျသွားကြောင်းသိခဲ့ရသည်။
ကျန်အမှိုက်သရိုက်များကိုတာမွေသန့်ရှင်းရေး၊ရန်ကင်း/တာမွေမြောင်းရှင်းလုပ်သားများဖြင့်ဆယ်ယူသိမ်းဆည်းခဲ့ပါသည်။ရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များကလည်း ခရီးသည်ယာဉ်ပျက်၍ ယာဉ်များပိတ်နေမှုအပေါ်ယာဉ်လမ်းကြောင်းပွင့်ရန် ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့သည်။