ဒဂုံစင်တာအနောက်ဘက်ရှိ မဟာဗောဓိစေတီတော် ၀င်းနံရံပြိုကျမှုဖြစ်
29 May 2017 1,384 Views
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် မဟာဗောဓိစေတီတော် ၀င်းနံဘေးရှိ သစ်ပင်လဲပြိုရာမှ ၀င်းနံရံပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စမ်းချောင်းမြို့နယ် ၊ မြေနီကုန်းမြောက်ရပ်ကွက် ဒဂုံစင်တာ (၁) အနောက်ဘက်မှာရှိတဲ့ မဟာဗောဓိစေတီဝင်းနံရံပြိုကျမှုဟာ နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အိမ်စီးကား ၆ စီး ထိခိုက်ပျက်စီးခဲ့ပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှ ဒဏ်ရာရရှိခဲ့ခြင်း မရှိဘဲ မီးသတ်တပ်ဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်ရှင်းလင်းဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
Ref : Eleven Media Group / Pyi Myanmar