BEC-TERO TV

အဲ့ဒီခွေးကိုဖုန်းပေးလိုက်ကွာ…. (ကိုယ့်ရူးကိုယ်ပတ်)

25 May 2017     1,297 Views


လူတစ်ယောက်ဟာ သူ့ဇနီးရဲ့ခွေးကို တော်တော်မုန်းနေပါတယ်... ဒါကြောင့် တစ်နေ့မှာ ခွေးကိုခေါ်သွားပြီး သူ့အိမ်ကနေ လမ်း ၂၀ ကျော်လောက် ဝေးတဲ့နေရာက ပန်းခြံမှာထားခဲ့ပါတယ်...
 
ဒါပေမဲ့ သူအိမ်ပြန်ရောက်တဲ့အခါမှာတော့ ခွေးက
 
ခြံထဲမှာ လျှောက်သွားနေတာကို တွေ့လိုက်ရပါတယ်...
 
နောက်တစ်နေ့ကျတော့ အိမ်ကနေ လမ်း ၄၀ ကျော်လောက်ဝေးတဲ့ဆီကို သွားပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်... လမ်း ၄၀ လောက်ဝေးတဲ့နေရာမှာ အဲ့ဒီမုန်းစရာခွေးကြီးကို ပစ်ချခဲ့ပြီး အိမ်ကို ပြန်မောင်းလာခဲ့ပါတယ်...
 
သူ့ခြံထဲကားမောင်းဝင်လိုက်တာနဲ့ အဲ့ခွေးကိုတွေ့ရပြန်ပါပြီ...
 
နောက်ရက်တွေမှာလည်း ခွေးကို ပိုဝေးတဲ့နေရာတွေဆီကို သူထပ်သွားပို့ပြန်ပါတယ်... ဒါပေမဲ့ သူအိမ်ပြန်ရောက်တိုင်း ခွေးကပြန်ရောက်နှင့်နေပြီးသားဖြစ်နေပြန်ပါတယ်...
 
နောက်ဆုံးတော့ မိုင်တော်တော်ဝေးတဲ့အထိ ဒီခွေးကိုသွားပစ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်... တည့်တည့်မောင်းရာကနေ ညာဘက်ကိုချိုးလိုက်ပါတယ်... ပြီးတော့ ဘယ်ပြန်ကွေ့တယ်... တံတားတစ်စင်းကို ဖြတ်သွားတယ်... ပြီးတော့ ညာဘက်ကိုကွေ့တယ်... ညာနောက်တစ်ခါထပ်ကွေ့တယ်... အဲ့လိုနဲ့ ဘယ်ညာ အပြန်အလှန်ကွေ့ရင်း သူ့အိမ်ကနေ အတော်ခပ်ဝေးဝေးရောက်သွားပြီလို့ စိတ်ချရတဲ့နေရာရောက်တဲ့အခါ ခွေးကို အဲ့ဒီနေရာမှာ ပစ်ထားခဲ့ပါတယ်...
 
နာရီအတော်ကြာတဲ့အခါမှာ သူူက အိမ်မှာကျန်ခဲ့တဲ့သူ့ဇနီးဆီကို ဖုန်းဆက်လိုက်ပါတယ်...
"မိန်းမရေ... အဲ့ဒီမှာ မင်းရဲ့ခွေးရောက်နေပြီလား..."
 
"ရှိတယ်လေ..." သူ့ဇနီးကပြန်ဖြေတယ်...
"ဘာဖြစ်လို့မေးတာလဲ..."
 
ခံပြင်းတဲ့လေသံနဲ့ သူကပြန်ပြောလိုက်တယ်...
"အေး... အဲ့ဒီခွေးကိုဖုန်းပေးလိုက်ကွာ... ငါဒီမှာလမ်းပျောက်နေလို့ သူ့ကိုမေးရအောင်..."
 
 
 
KKK

25 May 2017     1,297 Views




RELATED

Most Popular of Special or Others

Most Popular of NEWS