BEC-TERO TV

ခေတ်သစ်ဖုန်းလုယူနည်း ထွက်ပေါ်လာပြီ

25 May 2017     1,367 Views


Taxi ဌားစီးပြီး ဖုန်းခဏဌားကာ ဖုန်းလုယူထွက်ပြေးတဲ့အမှုအခင်းတွေ ရန်ကုန်မြို့မှာ မကြာခဏဖြစ်ပျက်လေ့ရှိကြောင်းအ Taxi အသိုင်းအ၀န်းမှာတဆင့်သိရှိရပါတယ်။

ဖြစ်ပွားပုံမှာ နေရာတစ်နေရာသို့သွားရန် Taxi ဌားကြောင်း၊ထို့နောက်အဆိုပါနေရာသို့ မရောက်ခင်နေရာတစ်နေရာခဏ ၀င်ရန်ရှိတာကြောင့်ခဏစောင့်ပါဟုဆိုလေ့ရှိကြောင်း၊ကြားဝင်ရမည့်နေရာရောက်တဲ့အခါဖုန်းခဏဌားကာဖုန်းဆက်ပါရစေဟု ဆိုလေ့ရှိကြောင်း ထို့နောက်ဖုန်းကိုလုယူထွက်ပြေးကြောင်းအခုလိုမျိုးမကြာခဏဖြစ်လေ့ရှိကြောင်း Taxi မောင်းသူတွေထံက ကြားသိရပါတယ်။

“ကျွန်တော့အလှည့်တုန်းက မနက်၈နာရီလောက် ကမ်းနားလမ်း စာတိုက်ကြီးအနားမှာပါ။လူတစ်ယောက်က  ဆေးရုံကြီးခဏဝင်ကာ ပိုက်ဆံဝင်ပေးစရာလေးပြီးရင်၊ ဗဟန်း၁လမ်းသွားမယ်ပြောပြီး ကားဌားတာပေါ့၊အဲ့နောက်ဆေးရုံကြီးရောက်ချိန်မှာ၊ဆေးရုံကြီးရှေ့စောင့်နေချိန် ဖုန်းငှါးဆက်ပြီး ခဏနော်-- ဖုန်းပြောနေရင်းက ဖုန်းယူပြေးပါတယ် ချက်ချင်းလိုက်ပေမယ့်မမှီလိုက်ဘူး။အခုတောင် Car black box ​​ကျေးဇူးကြောင့်​ သူ့ပုံ​တော့ရလိုက်​ပါတယ်​ ရဲစခန်းမှာလည်း အမှုဖွင့်​တိုင်​ကြားထားပါတယ်​ မသိသေးတဲ့မိတ်​​ဆွေ​တွေလည်း ကျွန်တော့လို မခံရအောင် ဓာတ်ပုံပါလူကို တွေ့ရင် သတိထားကြပါ ” လို့ကိုယ်တွေ့ကြုံသူတစ်ဦးကပြောကြားခဲ့ပါတယ်။

 

 

 


25 May 2017     1,367 Views




RELATED

Most Popular of Special or Others

Most Popular of NEWS