1. Home
  2. Movies

Disney ရုပ်ရှင်ဇာတ်ကားကို ဟတ်ကာများမှ ခိုးယူကာ ငွေညှစ်ခံနေရ

Movies พ.ค. 19, 2560 view 1,794
Disney ရုပ်ရှင်ဇာတ်ကားတွေကို ဟတ်ကာတွေကခိုးယူပြီး ငွေမပေးပါက အွန်လိုင်းပေါ်တင်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
 
Disney အမှုဆောင်အရာရှိချုပ် Bob Iger က Disney က ရိုက်ကူးထားတဲ့ ဘယ်ဇာတ်ကားက ဟတ်ကာတွေဆီမှာ ရှိနေပြီး ငွေညှစ်ခံနေရတယ်ဆိုတာကိုတော့ ဝန်ထမ်းတွေကို မပြောခဲ့ပါဘူး။
 
ဒါပေမယ့် မကြာခင် ရုံတင်ပြသတော့မယ့် Pirates of the Caribbean : Dead Men Tell No Tales ရုပ်ရှင်ဇာတ်ကားဖြစ်တယ် ဆိုပြီးတော့ သတင်းတွေထွက်နေပါတယ်။
 
ဟတ်ကာတွေက အွန်လိုင်းကနေ ငွေပေးချေဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပြီး ငွေမပေးခဲ့ဘူးဆိုပါက မိနစ် ၂၀ စာအပိုင်းတွေနဲ့ အွန်လိုင်းပေါ်ကို တင်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

Bob Iger ကတော့ ငွေပေးဖို့ကိစ္စကို ငြင်းဆိုနေပြီး Federal Investigators တွေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
 
ရုပ်ရှင်စတူဒီယိုတွေကို ဟတ်ကာတွေက ခြိမ်းခြောက် ငွေညှစ်တာဟာ ဒါပထမဆုံးမဟုတ်ပါဘူး။ ပြီးခဲ့တဲ့လက Netflix စတူဒီယိုက ဟတ်ကာတွေကို ငွေပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် လူကြိုက်များနေတဲ့ သူတို့ရဲ့ Orange is the New Black ကို ဟတ်ကာအဖွဲ့က အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။
 
Dead Men Tell No Tales ရုပ်ရှင်ဇာတ်ကားမှာ မင်းသား Johnny Depp ကို Captain Jack Sparrow အဖြစ် ပြန်လည်မြင်တွေ့ရမှာ ဖြစ်သလို ပင်လယ်ပြင်မှာ Geoffrey Rush နဲ့ အော်လန်ဒို ဘလွန်း တို့ကိုပါ အတူတွဲတွေ့ရမယ့် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို မေလ ၂၆ ရက်မှာ US က ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


Follow us on