အင်ဒိုနီးရှားနိုင်ငံသူ အသက် ၂၈နှစ်အရွယ် အိမ်အကူရေချိုးနေစဉ်အတောအတွင်း ကနေဒါနိုင်ငံသား အသက် ၅၂နှစ်အရွယ် အလုပ်ရှင်က အိမ်အကူရေချိုးနေစဉ် ဗီဒီယိုခိုးရိုက်မှုကြောင့် ထောင် ၁၂ပတ်ကျသွားကြောင်းသိရှိရပါတယ်။ အဆိုပါဖြစ်စဉ်က စင်္ကာပူနိုင်ငံမှာဖြစ်ပွားခဲ့တာပါ။ကနေဒါနိုင်ငံသားက ကင်မရာအသေးတစ်လုံးကို အိမ်အကူတစ်ယောက်ပဲအသုံးပြုတဲ့ မီးဖိုချောင်နဲ့ ဆက်လျက်က ရေချိုးခန်း အိမ်သာထဲမှာ ထည့်ထားတယ်။ ယမန်နှစ်၂၀၁၆ ဇူလိုင် နဲ့ သြဂုတ်လ အတွင်း အိမ်မှာ မည်သူမှမရှိချိန် အိမ်အကူလေး အိမ်သာတက်စဉ်နဲ့ ရေချိုးနေစဉ်တွေမှာ ၃ ခါ ခိုးရိုက်ခဲ့တယ်။
ဗွီဒီယိုမှတ်တမ်းတွေဟာ ၆ မိနစ်ကနေ ၁၇ မိနစ်ထိရှည်ပြီး အိမ်အကူလေးရဲ့ခန္ဓာကိုယ်အထက်ပိုင်းကိုယ်လုံးတီးနဲ့ တစ်ကိုယ်လုံးကိုယ်လုံးတီးပုံတွေ ရိုက်ယူခဲ့တယ်။၂၀၁၆ သြဂုတ်လ ၁ ရက်နေ့မှာ အိမ်အကူဟာ ရေချိုးခန်းကို သန့်ရှင်းရေးလုပ်နေတုန်းမှာ ဖွက်ထားတဲ့ ကင်မရာသေးသေးလေးကိုတွေ့ခဲ့တယ်။ ကင်မရာကို ဖြုတ်ယူ၊ သူ့ရဲ့ပစ္စည်းတွေကိုသိမ်းဆည်းပြီး တစ်ခါတည်း အေးဂျင့်ဆီကို ထွက်ပြေးသွားခဲ့တယ်။ အေးဂျင့်ကို အကျိုးအကြောင်းပြောပြပြီး ရဲစခန်းတိုင်ခဲ့တာပါ။
Source: http://www.channelnewsasia.com/news/singapore/employer-jailed-for-filming-maid-in-the-shower-8848490
comment