1. Home
  2. Myanmar’s Got Talent

အမြင်ချို့ယွင်းနေပေမယ့် အိမ်မက်ကိုထုဆစ်ကြသူနှစ်ယောက်

Myanmar’s Got Talent พ.ค. 16, 2560 view 1,590

အမြင်အာရုံ မကောင်းပေမယ့် ကိုယ်ပိုင်ယုံကြည်ချက်နဲ့အတူ Myanmar's Got Talent 2017 ကို ၀င်ပြိင်တဲ့ The Blind Dream အဖွဲ့ဝင်ရောက်ယှဉ်ပြိုင်မှုက ဒိုင်လေးယောက်စလုံးက ချီးကျုးခဲ့ရတဲ့အထိ အရမ်းကောင်းလွန်တဲ့ ယှဉ်ပြိုင်မှုဗီဒီယိုရုပ်သံလေးကိုတင်ပြလိုက်ပါတယ်။မူရင်းအဆိုတော် ထူးအယ်လင်းသီဆိုမှုနဲ့မတူ ကြင်နာလွမ်းဆွတ်သနားဂရုဏာချိုမြိန်ဖွယ်အသံလေးနဲ့ “အချစ်လို့ခေါ်သလား” ကိုသီဆိုရင်းနောက်ဆုံးမှာတော့ ပရိသတ်ကြီးကပါ အတူလိုက်လံစီးမြော သီဆိုခဲ့ကြပါတယ်။ဒိုင်ဖြစ်သူမို့မို့မြင့်အောင်က “ကြွေသွားရော” လို့တောင် အားပေးဂုဏ်ပြုခဲ့ရတဲ့ The Blind Dream အဖွဲ့ပါ။ “ကျွန်တော်တို့က တီးဂီတ ကိုသင်ဖို့ပြောလိုက်ရင် အချို့လူတွေက ပြောကြပါတယ်။မင်းတို့သင်လို့မဖြစ်ဘူး။မျက်စိမမြင်ဘူးဆိုပြီးတော့ပေါ့” လို့အဖွဲ့ဝင် မြတ်မျိုးအောင်က ဆိုပါတယ်။The Blind Dream အဖွဲ့ကို ဆက်ကျော်နိုင်နဲ့ မြတ်မျိုးအောင် အဖွဲ့ဝင်နှစ်ယောက်ရှိပါတယ်။ အားပေးကြည့်ကြပါအုံး…



Follow us on