1. Home
  2. Myanmar’s Got Talent

မနောသီချင်းနဲ့ အိုးတွေဆင့်ရွက်ပြသွားတဲ့ လေးဆယ်ကျော် မမများ

Myanmar’s Got Talent พ.ค. 16, 2560 view 1,850

ချစ်စရာကောင်းတဲ့ ညနေဘက် ရေခပ်ဆင်းတဲ့ မြန်မာ့ဓလေ့ကို မနောသီချင်းလေးနဲ့ သရုပ်ဖော်ယှဉ်ပြိုင်သွားတာကတော့ အသက်လေးဆယ်ကျော်မမတွေ စုဖွဲ့ထားတဲ့ စန်းစန်းတို့အဖွဲ့ပဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းကနေ လာရောက်ယှဉ်ပြိုင်တဲ့ စန်းစန်းတို့အဖွဲ့မှာ အသက်လေးဆယ်ကျော် မမ ငါးယောက်ပါဝင်ပါတယ်။ သူတို့က Myanmar’s Got Talent မှာ မနောရဲ့ “သီနပ်ခါးလေးနဲ့မောင့်ချစ်သူ” သီချင်းနဲ့ ညနေခင်းမှာ ရေအိုးလေးတွေနဲ့ ရေခပ်ဆင်းတဲ့ ချစ်စရာမြန်မာဓလေ့ကို သူတို့ရဲ့ အိုးရွက်တဲ့ စွမ်းရည်နဲ့ ယှဉ်ပြိုင်သွားတာဖြစ်ပါတယ်။

ရန်ကုန်ကို မရောက်ဖူးလို့ ရောက်ဖူးအောင် လိုက်ပြိုင်တာဆိုတဲ့ စန်းစန်းတို့အဖွဲ့က စင်ပေါ်တက်ပြိုင်ရတော့လဲ ပျော်နေကြပြန်ပါတယ်။ ရိုးသားပြီး ချစ်စရာကောင်းတဲ့ စန်းစန်းတို့အဖွဲ့ကတော့ ဒိုင်လေးယောက်စလုံးရဲ့ YES ကို ရရှိခဲ့ပါတယ်။

ဒါရိုက်တာ မောင်သီက “အိုးတွေရော လူတွေရော သဘောကျလို့ YES” ပါတဲ့



Follow us on