1. Home
  2. Myanmar’s Got Talent

Myanmar’s Got Talent မှာ ဇွဲအကောင်းဆုံး ယှဉ်ပြိုင်ခဲ့သူ အသက် (၇၀)အရွယ် အန်ကယ်ကြီး

Myanmar’s Got Talent พ.ค. 13, 2560 view 1,587

မည်သည့်ပြိုင်ပွဲမဆို ယှဉ်ပြိုင်ခြင်းကသာ အဓိကလို့ စိတ်ထဲမှာ ထားနိုင်သော်လည်း တစ်ကြိမ်မှ နှစ်ကြိမ် ဖြစ်လာပါက တော်ရုံတန်ရုံလူများအနေနဲ့ “တော်ပါပြီကွာ” ဆိုပြီး လက်လျှော့သွားတတ်ကြပါတယ်။

ဒါပေမယ့် အဲဒီအထဲမှာတော့ အန်ကယ်ကြီး စောဒူးဝါးတစ်ယောက် မပါခဲ့ပါဘူး။
အသက် (၇၀) ရှိပြီဖြစ်တဲ့ ဦးစောဒူးဝါးဟာ သားသမီးတွေက  Myanmar’s Got Talent ဝင်ပြိုင်တာကို သဘောမတူတဲ့ကြားထဲက သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်းအပေါ် ယုံကြည်မှုအပြည့်ထားကာ မြေးမလေးနဲ့အတူ Myanmar’s Got Talent 2017 ကို ၃ ကြိမ်မြောက်အဖြစ် လာရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

တောက်ပနေတဲ့ အဝတ်အစားတွေအကြောင်းကို ဒိုင်က မေးတဲ့အခါမှာ သားသမီးတွေရဲ့ အဝတ်အစားကို ခိုးဝတ်ပြီး လာပြိုင်ပါတယ်လို့ ပျော်သဘောနဲ့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒီတစ်ခေါက်မှာရော အန်ကယ်ကြီးရဲ့ အစွမ်းအစတွေကို ဒိုင်တွေက အသိမှတ်ပြုပါ့မလား..? နောက်တစ်ဆင့်ကို ခေါ်သွားမှာလား..? ချန်ခဲ့မှာလား..? ဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

 

============================================

 

Myanmar’s Got Talent 2017 ယှဉ်ပြိုင်မှုများ အားလုံးကို ကြည်ရှုရန် :

Myanmar’s Got Talent Facebook : https://www.facebook.com/mmgottalent/
Myanmar’s Got Talent YouTube : https://www.youtube.com/user/myanmarsgottalent
 



Follow us on