1. Home
  2. Health Fix

ရင်သားကြီးထွားဖို့ နှိပ်နယ်ပေးနည်း

Health Fix พ.ค. 12, 2560 view 15,803
အမျိုးသမီးတို့ရဲ့ အလှအပထဲမှာ ပုရိသတို့ အစွဲမက်ဆုံးက ကောက်ကြောင်းအလှပါပဲ။ စွဲမက်ဖွယ် S Line ကောက်ကြောင်းတွေ ပိုင်ဆိုင်နိုင်ဖို့ ဖွံ့ထွားတဲ့ ရင်သားအလှကလဲ မဖြစ်မနေလိုအပ်ပါတယ်။ သဘာဝအတိုင်း ဖွံ့ထွားတဲ့ ရင်သားနဲ့ ဝံ့ကြွားနိုင်စေဖို့ ရင်သားကြီးထွားစေတဲ့ နှိပ်နယ်နည်းလေး ပေးမယ်နော် ….
 
ရင်သားကိုနှိပ်နယ်ဖို့အတွက် အရင်ဆုံး အဆီ ဒါမှမဟုတ် ခရင်မ်် နှစ်သက်ရာတစ်ခုခုရွေးချယ်ပါ။ အကောင်းဆုံးကတော့ သဘာဝပစ္စည်းတွေကနေ လုပ်ထားတဲ့ massage oils တို့ ခရင်မ်တို့က ပိုကောင်းပါတယ်။ အလွယ်ကူဆုံးကတော့ သံလွင်ဆီပါ။
 
နှိပ်နယ်နည်း
 
သံလွင်ဆီကို ယူပြီး လက်ပေါ်အရင်တင်လိုက်ပါ။ ပြီးရင် လက်နှစ်ဖက်ကို အနည်းငယ် ပွတ်လိုက်ပါ။ (နွေးနေတဲ့လက်က ရင်သားကြီးထွားဖို့အတွက် နှိပ်နယ်ရာမှာ ပိုကောင်းပါတယ်။)

လက်နှစ်ဖက်ကို ရင်သားနှစ်ဖက်ပေါ် အသာအယာတင်ပြီး အရင်ဆုံး စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။ ညာဘက်လက်က နာရီလက်တံအတိုင်းလှည့်ပြီး ဘယ်ဘက်လက်ကတော့ နာရီလက်တံပြောင်းပြန် လှည့်ပြီး နှိပ်ပေးရမှာ ဖြစ်ပါတယ်။ တို့ထိပြီးနှိပ်တဲ့ တစ်ချက်ကို နှစ်စက္ကန့်လောက် ကြာသင့်ပြီး အနည်းဆုံး ၁၀၀ ကနေ ၃၀၀ ကြားထဲ နှိပ်ပေးရမှာ ဖြစ်ပါတယ်။
 
တကယ်လို့ရင်သားနာကျင်တယ်လို့ ခံစားရရင်တော့ ဖိအားများများသုံးမိလို့ ဖြစ်ပါလိမ့်မယ်။ ခဏနားပြီး ရင်သားကို နွေးလာပါစေ။ ပြီးမှ သံလွင်ဆီအနည်းငယ်ကို လက်မှာပြန်ပွတ်ပြီး ထပ်နှိပ်ပါ။
 
နေ့စဉ် မနက်တစ်ကြိမ် ညတစ်ကြိမ် ၁၀ မိနစ်ကနေ ၁၅ မိနစ်ထက် မပိုစေဘဲ ခပ်ဖွဖွနှိပ်တဲ့အချက်ရေ ၃၀၀ ဝန်းကျင် ရအောင် နှိပ်ပေးပါ။
 
သိသိသာသာ ထူးခြားလာပါလိမ့်မယ်နော် ….
 
Ref : agirlwhomakes


Follow us on