1. Home
  2. Movies

ဘောလုံးအကျော်အမော် ဒေးဗစ်ဘတ်ခမ်း ရဲ့ ရုပ်ရှင်ဇာတ်ကား

Movies พ.ค. 12, 2560 view 1,690
ဘောလုံးလောကမှာ ဒေးဗစ်ဘတ်ခမ်းကို မသိသူမရှိသလောက် သမိုင်းတွင် နာမည်ကျော်တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။ ဘောလုံးကန်တဲ့ စွမ်းရည်မှာ ပြိုင်စံရှားသလောက် ရုပ်ရည်ရူပကာကလဲ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပါ။
 
ရုပ်ရှင်မင်းသားတွေကို ချောမောခန့်ညားတဲ့ ရုပ်ရည်ရှိတဲ့ ဒေးဗစ်ဘတ်ခမ်းက King Arthur : Legend of the Sword ရုပ်ရှင်ဇာတ်ကားမှာ ဧည့်သည်အနေနဲ့ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဘတ်ခမ်းရဲ့ ဇာတ်ဝင်ခန်းက နှစ်မိနစ်ခန့်သာပါပေမယ့် ပရိသတ်ကို တကယ်ဆွဲဆောင်နိုင်တဲ့ သွင်ပြင်နဲ့ သရုပ်ဆောင်နိုင်တာ တွေ့ရမှာပါ။
 
ဒီရုပ်ရှင်ဇာတ်ကားကိုတော့ မေလ ၁၂ ရက်မှာ အနောက်နိုင်ငံတွေမှာ ရုံတင်ပြသမှာပါ။


Follow us on