Myanmar's Got Talent 2017 ပြိုင်ပွဲကြီးက ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ယှဉ်ပြိုင်မှုတွေနဲ့အတူ ပရိသတ်ကြီးများရဲ့ ရှေ့မှောက်သို့ ပြန်လည်ရောက်ရှိလို့လာပါပြီ။ မေလ (၅) ရက်(တနင်္ဂနွေနေ့) ည(၈)နာရီအချိန်မှာ MRTV-4 အခမဲ့ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ အံ့သြမှင်သက်မှုတွေ၊ သည်းထိတ်ရင်ဖိုပြကွက်တွေနဲ့ ယှဉ်ပြိုင်တာတွေကိုမှ ဘောကျနှစ်ခြိုက်တတ်တဲ့ ဒိုင်လူကြီးမင်းနှစ်ဦးဖြစ်တဲ့ ဒါရိုက်တာမောင်သီ၊ အကယ်ဒမီမို့မို့မြင့်အောင် တို့နဲ့အတူ နောက်ထပ် ဒိုင်လူကြီးမင်း အသစ်နှစ်ဦးကိုလည်း Myanmar's Got Talent 2017 အတွက် ထပ်မံအားဖြည့်ထားပါတယ်။
ဒိုင်လူကြီးမင်းနှစ်ဦးက ဘယ်သူတွေဖြစ်မလဲဆိုတာ ဗီဒီယိုလေးမှာ ကြည့်ရှုရင်းခံစားပါဦး..
ဒါ့အပြင် Myanmar's Got Talent 2017 မှာ ဘယ်လိုယှဉ်ပြိုင်မှုတွေနဲ့ ပရိတ်သတ်ကို အံ့သြစေမလဲဆိုတာကို အကြိုခံစားနိုင်စေဖို့ ဗီဒီယိုလေးတွေကိုလည်း တင်ဆက်ပေးထားပါတယ်။
Myanmar's Got Talent ပရိသတ်ကြီး မေလ(၇) ရက်နေ့ MRTV-4 ရုပ်သံလိုင်းမှာ ဆက်ဆက်ပြန်လည်ဆုံတွေ့ကြရအောင်...။
Myanmar's Got Talent Facebook Page >> https://www.facebook.com/mmgottalent/