စက်ဆိုင်မှာ အကျီ င်္ချုပ်တိုင်း အချိန်မီမရတဲ့ ဒုက္ခကို မိန်းကလေးတိုင်း ခံစားဖူးကြမှာပါ။ လတ်တလောခေတ်စားနေတဲ့ ဖက်ရှင်ဒီဇိုင်းကို ခေတ်နဲ့အညီဝတ်ချင်တာ ၊ ကိုယ်ကြိုက်တဲ့အကျီ င်္ဒီဇိုင်းလေးကို ချုပ်ပြီး အမြန်ဆုံးဝတ်ချင်တာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပါ။
မင်းသမီးတစ်ယောက်ဖြစ်တဲ့ မိုးယုစံတစ်ယောက်လဲ အလုပ်အတွက် အပ်ထားတဲ့ အကျီ င်္တွေမရသေးလို့ စိတ်တွေဆိုးနေပါပြီ။ သူစိတ်ဆိုးနေရတဲ့အကြောင်းကို သူ့ရဲ့အကောင့်မှာ ဒီလိုလေး ရင်ဖွင့်ထားပါတယ်။
“နောက်ဆို ကိုယ့်အင်္ကျီ ကိုယ့်ဘာသာ ချုပ်ဝတ်ရမလိုဖြစ်နေပြီ။ ပေးထားတဲ့ ချိတ်တွေ အစတွေ ပြင်ခိုင်းထားတာတွေ ချုပ်ခိုင်းထားတာတွေ ၃လလောက်ရှိပြီမလာ၊ မလုပ်နဲ့တော့ဆိုလည်းမရ၊ ရသလောက်ပဲ ပေးတော့ဆိုလည်းမရ၊ ပြောတဲ့ရက်တွေလည်း မနည်းတော့ဘူး။ ကတိမတည်တာ ရက်ချိန်းမမှန်တာ အဆိုးဆုံးပဲ ဒီကလူလည်း အလုပ်ကိစ္စနဲ့လေ။ အပ်ထားတာ မရတော့ လက်ခံထားတဲ့အလုပ်ကို ဘာအင်္ကျီနဲ့သွားရမလဲပြော၊ နောက်မှသေချာရေးတော့မယ် နာမည်နဲ့တကွ။ ဒီလိုတခါမှမကြုံဖူးဘူး ဒါပဲ လို့ပဲပြောတော့မယ် (အော်တခါထဲ ဘယ်တော့ရမလဲ ပြောပေးပါ ဒါကလည်းချုပ်ခိုင်းတာမဟုတ်ပါ ရသလောက်ပီးသလောက်ကိုပဲ ပေးထားတာ ယူမှာပါလို့ တပတ်တွင်းပေးပေးပါ မပေးရင်တော့ ကျွန်မလည်းမယူတော့ပါဘူး အားလုံးယူထားလိုက်ပါ တခုပါပဲ ...စိတ်တော့ဆိုးမသွားနဲ့ပေါ့နော်)”
Ref : moe yu san facebook
=================================
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ထူးထူးခြားခြား အစွမ်းတွေကို ယှဉ်ပြိုင်ပြသမယ့် MYANMAR's GOT TALENT 2017 အစီအစဉ်ကို လာမယ့် မေလ(၇)ရက် (တနင်္ဂနွေနေ့)မှာ MRTV-4 ရုပ်သံလိုင်းမှ စတင်ထုတ်လွှင့်တော့မည်ဖြစ်လို့ စောင့်မျှော်ကြည့်ရှူ့နိုင်ပါပြီ..။