ကိန္နရာသည် မြန်မာကျမ်းဂါန်များတွင် ဖော်ပြသော လူတစ်ပိုင်းငှက်တစ်ပိုင်း သတ္တ၀ါမျိုးဖြစ်သည်။ စန္ဒကိန္နရီဇာတ်၊တက္ကာရိယဇာတ်၊အဋ္ဌသဒ္ဒဇာတ်၊သလ္လတိယဇာတ်များအရ မဇ္ဈိမဒေသ မြောက်ပိုင်း ဟိမ၀န္တာတောင် ရှေးအခါက ရှိခဲ့သည်ဟု သိရသည်။ မြတ်စွာဘုရားအလောင်းသည် ကိန္နရာ ဘ၀တွင် ဖြစ်ခဲ့ဖူးကြောင်းကိုလည်း ဇာတ်တော်တွင် ဆိုသည်။ ကိန္နရာ၏ အသွင်အပြင်မှာ မြင်းမျက်နှာနှင့် လူ၏ ကိုယ်အင်္ဂါရှိ ကြောင်း အဘိဓါန်ဋီကာတွင် ဖွင့်ဆိုသည်။ ရွှေရောင်အဆင်းရှိ၍ အတီးအမှူတ်၊အကအခုန် အတ်ပညာများကိုလည်း တတ်မြောက်ကြသည်ဟု ဆိုသည်။ မင်းလှရာဇာကျော်ထင်ရေး စန္ဒကိန္နရီ ပျို့တွင် အကျယ်ဖွဲ့နွဲ့ စပ်ဆိုထားသည်။ကိန္နရာ အမျိုးများစွာရှိသည်ကို အသီတိနိပါတ် မဟာကုဏာလ ဇာတ်တွင် ပါသည့်အတိုင်း မဃဒေသလင်္ကာသစ်တွင် ဟေမာလယ၊ တောမြိုင်မက၊ ဒေ၀စန္ဒ၊ သကုဏနှင့် ဒုမကောန္တ၊ ဒ ဏ္ဍမာဏ၀ီ ၊ ထိုပြီအပ၊ ကဏပါဝု၊ အစပြုသား၊ လူ့ကိုယ်လူ့လက်၊ လူ့မျက်ခွက်နှင့် တချက်ရုပ်ဆောင်း၊ မြင်းခေါင်းတူလှည့်၊ ငှက်၏ ကိုယ်မှာ၊ လူ့မျက်နှာက၊ လူဝါလူသွင်၊ ဆံပင်နောက်လန်၊ ယမံငယ်သွေး၊ ငှက်မွေးတောင်ပေါက်၊ ရှယ်မဖောက်ပဲ ဟူ၍ ကိန္နများအကြောင်းစပ်ဆိုထားသည်။
ကိန္နရာအမ ကို ကိန္နရီ၊ ကိန္နရီမ ဟုခေါ်သည်။ ကိန္နရာ ရှိခဲ့ဖူးကြောင်းကို အာဋာနာဋိယသုတ်တွင် မြင့်မိုရ်တောင်၏မြောက်မျက်နှာ၊စတုမဟာရာဇ် နတ်မင်းကြီး ၄ ပါး အပါအ၀င်ဖြစ်သည့် ဝေဿ၀ဏ်၊ ကုဝေရနတ်မင်းကြီးများ စံရာနေရာ အဠာကမန္ဒာဝီသဏမြို့၊္ဏ္ဏ္ဏ္ဏဍ္ဍရဏီရေကန်တွင် လှံတံတောင်ဝှေး စွဲကိုင်သော ဒဏ္ဍမဏ၀ိက ကိန္နရာမျိုးရှိကြောင်းနှင့် ဆိုသည်။ မြန်မာဗေဒင်နှင့် နက္ခတ်ကျမ်းများတွင် ၁၂ရာသီအိမ်တွင် မေထုန်ရာသီကို ကိန္နရာဖိုမအရုပ်ဖြင့် အမှတ်အသားပြု၍ ရေးသားဖော်ပြကြသည်။ သာရတ္ထသင်္ဂဟအဖွင့်တွင် ပါဋလိပုတ်ပြည်သား မုဆိုးတစ်ဦးသည် ကုန္နငှက် ကိန္နရီမနှင့် သင့်မြတ်၍ တိဿနှင့် သုမိတ္တသား ၂ ပါးကို ဖွားမြင်ကြောင်း၊ ထိုသား၂ ပါးသည် ၀ရုဏရဟန္တာထံ၌ တပည့်ခံ၍ ရဟန်းပြုကြရာ ရဟန္တာဖြစ်ကြောင်းနှင့် ဖော်ပြသည်။မဟာဝင်တွင် ထို တိဿရဟန္တာသည် သီရိဓမ္မာသောက မင်းကြီး နန်းသက် ၈ နှစ်ရောက်သောအခါတွင် ပရိနီဗ္ဗ္ဗ္ဗ္ဗာန်ပြုသည်ဟု ဖော်ပြသည်။
ထိုသို့ ပရိနီဗ္ဗ္ဗ္ဗ္ဗာန်ပြသောအခါ လောင်တိုက်၊တလားစသော အဆောက်အအုံများ၌ ၀ဲယာညှပ်လျက် ကိန္နရီမသ္ဗ္ဗ္ဗ္ဗဏ္ဍာန်အရုပ်တွင် လက်တဆစ်ဖက်ကား ၀မ်းကိုမလျက် ယမံဆံများ ဖားလျားချကာ မဟာလ္လတာတန်ဆာ၊ချပ်ဒုယင်၊ ဖောက်ချိပ် စသည်တို့ကို ဆင်ယင်ထားရှိသည်။ထိုမှစ၍ ဘုန်းကြီးပျံတလား၊စင်ရှင်၊လောင်တိုက်တို့တွင် ၀ဲယာ ၄ ထောင့်၌ ကောန္တကိန္နရီရုပ်များ ထုလုပ်ခဲ့ကြသည်။ မြန်မာဘုရင်များ၏ ရာဇပလ္လင်ဥကင် လက်ဝဲလက်ျာတို့၌လည်း ကိန္နရာကဟန် ထုလုပ်ထားလေ့ရှိသည်။ယင်းမှာ ကိန္နရာတို့သည် နူးညံ့သောအမူအရာရှိခြင်း၊ ပန်းဝတ်ဆံတို့ကိုသာ သုံးဆောင်စားသောက်လေ့ရှိခြင်း၊ ၅ ပါးသော အဆင်းအင်္ဂါတို့နှင့်ပြည့်စုံခြင်း၊ ဘုရားပွင့်တော်မူသောနေ့၌ ၀မ်းမြောက်စွာ ကခုန်မြူးထူးလေ့ရှိခြင်း စသော မင်္ဂလာတို့ကြောင့် ဖြစ်သည်။ မြန်မာရာဇ၀င်တွင် ငါးထပ်ကြီးဘုရားဒါယကာမင်းလက်ထက် အနောက် သလ္လာဝတီမြစ်တွင် မျောလာ၍ ဆယ်ယူရရှိသော ကိန္နရာကောင်ကို ဆက်ရောက်လာဘူးကြောင်းနှင့် ဟံသာဝတီရောက် မင်းတရားစာတမ်းတွင် ဆိုသည်။
ထို့ကြောင့် ၀ိနိစ္ဆယပကာသနီ ဓမ္မသတ်လင်္ကာနိဂုံး၌ နတ်ကိန္နရာ၊ ဟေမ၀န္တာက၊ ချိန်ခါရေဦး၊ မျောလာဘူးဟု၊ ချီးကျူးကျေညာ၊ ထင်ရှားစွာသား၊ သလ္လာဝတီ၊ ရေသီတာလျှမ်း၊ ထိုမြစ်ကမ်းမှ ဟူ၍ စပ်ဆိုထားသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပြည်နယ်တစ်ခု ဖြစ်သော ကယားပြည်နယ်၏ အလံတော် အလယ်ဗဟိုတွင် ကိန္နရာရုပ် ကို ထည့်သွင်းထားသည်မှာ ကယားလူမျိုးတို့သည် ကိန္နရာ၊ ကိန္နရီ တို့မှ ဆင်းသက်ပေါက်ဖွားလာသော လူမျိုးများဟု ယုံကြည် ဂုဏ်ယူကြသောကြောင့်ဖြစ်သည်။ ကယားလူမျိုးတို့၏ ရှေးဟောင်းသီချင်း ကဗျာနှင့် အယူအဆများတွင် ကိန္နရာ ကိန္နရီတို့သည် ကယားပြည်နယ် ငွေတောင် တောင်ပေါ်၌ ပျော်မြူးနေထိုင်ကြသည်ဟု တွေ့ရသည်။
Credit ; #မြန်မာ့စွယ်စုံကျမ်း
comment