သင်္ကြန်နဲ့ ပတ်သတ်လို့ အနုပညာရှင်တိုင်းခံစားမှု ကိုယ်စီလေးတွေ ရှိကြပါတယ်။ ဒီထဲကမှာ သရုပ်ဆောင်အေးမြတ်သူက ဒီနှစ် သင်္ကြန် မှာ အရမ်းပူတဲ့ အတွက် အိမ်မှာပဲ နားဖြစ်မယ်လို့ ပြောပြထားပါတယ်။ နေအရမ်းပူတဲ့ နွေသင်္ကြန်မှာ ကျန်းမာရေးကြောင့် နားထားပေမယ့် မဏ္ဍပ်တွေက လာငှားရင်လဲ သွားဖို့ စိတ်ကူးမရှိဘူးလို့လဲပြောထားပါတယ်။ ဒီနှစ် သင်္ကြန်မှာ မဏ္ဍပ်တွေ နည်းသွားမှုအပေါ် အေးမြတ်သူက အရင်လို ပျော်ဖို့ မကောင်းတော့ဘူး သင်္ကြန်ကို ဆုံးရှုံးသွားရသလိုခံစားရပါတယ်ဆိုပြီး သူမရဲ့ ခံစားမှုလေးတွေကို ပြေပြသွားခဲ့ ပါတယ် ။
Credit: MHM Media