1. Home
  2. International News

ဘီကနီလေယာဉ်မယ်လေးတွေနဲ့ ပြေးဆွဲတော့မယ့် ဗီယန်နမ်လေကြောင်းလိုင်း

International News มี.ค. 31, 2560 view 2,595
ဗီယန်နမ်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ VietJet လေကြောင်းလိုင်းက လေယာဉ်မယ်လေးတွေဟာ ရေးကူးဝတ်စုံ ဘီကီနီလေးတွေကိုသာ လေကြောင်းလိုင်း ဝတ်စုံအဖြစ် ဝတ်ဆင်ပြီး ဝန်ဆောင်မှုတွေ ပေးသွားမှာဖြစ်ပါတယ်။
 
 
ဒီလိုမျိုးထူးခြားတဲ့ အိုင်ဒီယာကြောင့် VietJet လေကြောင်းလိုင်းပိုင်ရှင် ဗီယန်နမ်အမျိုးသမီး “Nguyen Thi Phuong Thao” ဟာ အရှေ့တောင်အာရှမှာ ကိုယ်စွမ်းကိုယ်စနဲ့ ပထမဦးဆုံး ဘီဘီယံနာ အမျိုးသမီးတစ်ဦး ဖြစ်လာဖွယ်ရာရှိပါတယ်။
 
Nguyen Thi Phuong Thao
 
VietJet က တစ်ခုထဲသော ကိုယ်ပိုင်လေကြောင်းလိုင်းဖြစ်ပြီး မကြာခင်မှာ အများပြည်သူအတွက် ပျံသန်းဖို့ရှိနေပါတယ်။ VietJet နဲ့ပူးပေါင်းဖို့ Stock Co. က ကမ်းလှမ်းထားပြီး အဆိုပါကမ်းလှမ်းချက်ကြောင့် “Thao” ဟာ အမေရိကန်ဒေါ်လာ ၁.၃၇ ဘီလီယံလောက် ပိုပြီးကြွယ်ဝလာဖို့ရှိပါတယ်။  “Thao” ဟာ VietJet ရဲ့ ၉၅% ကိုပိုင်ဆိုင်ထားပြီး နောက်ထပ် သုံလအကြာမှာတော့ အများသူငှာစီးနင်းနိုင်မယ့် လေကြောင်းလိုင်းတစ်ခု ဖြစ်လာပါတော့မယ်။
 
 
ဆွဲဆောင်မှုရှိတဲ့ ဘီကီနီလေယာဉ်မယ်လေးတွေကြောင့် VietJet ဟာ လက်ရှိလေကြောင်းဈေးကွက်ရဲ့ ၃၀% ကို ဆုပ်ကိုင်ထားနိုင်ပြီး နောက်ထပ် ဈေးကွက်ဝေစုတွေတိုးလာဖို့ ရှိနေပါတယ်။ ဗီယန်နမ်အမျိုးသားလေကြောင်းလိုင်းဖြစ်တဲ့ Vietnam Airline နဲ့ အပြိုင်အဆိုင်ဖြစ်လာပြီး လေယာဉ်တွေ တိုးချဲ့သွားဖို့လဲရှိနေပါတယ်။
 
 
VietJet ဟာ ပင်လယ်ကမ်းခြေဒေသ ခရီးစဉ်တွေကို ပြေးဆွဲနေပြီး ငယ်ရွယ်ချောမောလှပတဲ့ ဘီကီနီလေယာဉ်မယ်လေးတွေကလည်း အချိန်ရာသီနဲ့ ကိုက်ညီမယ့် ဘီကီနီလေးတွေ ဝတ်ဆင်ပြီး ဝန်ဆောင်မှုပေးနေတာကြောင့် လူကြိုက်များနေတာဖြစ်ပါတယ်။
 
လေကြောင်းလိုင်းပိုင်ရှင် “Thao” က “ရှေးရိုးစွဲနေတဲ့ ကျွန်မတို့လိုနိုင်ငံမှာ လေယာဉ်မယ်လေးတွေ ဘီကီနီဝတ်လိုက်တာဟာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ဖော်ပြလိုက်ခြင်းပါပဲ။ ဘီကီနီပဲဖြစ်ဖြစ် ရိုးရာဝတ်စုံတွေပဲဖြစ်ဖြစ် ကိုယ်ကြိုက်ရာ ကိုယ်ဝတ်ခွင့်ရှိတယ်လေ၊ ဘီကီနီဝတ်တဲ့ လေကြောင်းလိုင်းတွေ ရှိလာရင်လဲ ကျွန်မတို့ စိတ်မရှိပါဘူး ဘာကြောင့်လဲဆိုတော့ လူတွေပျော်ရွှင်ကြတယ်ဆိုရင် ကျွန်မတို့လည် ပျော်ရွှင်ကြလို့ပါ” ဟု ပြောကြားခဲ့သည်။
 
 
မြန်မာနိုင်ငံက လေကြောင်းလိုင်းတွေမှာ လေယာဉ်မယ်လေးတွေ ဘီကီနီဝတ်စုံလေးတွေ ဝတ်လာကြမယ်ဆိုရင် သင်ရော ဘယ်လို သဘောရပါသလဲ…?
 


Follow us on