1. Home
  2. Myanmar News

မြန်မာလူမျိုးသိပ္ပံပညာရှင်အဖွဲ့ကို NASA မှ ဆုချီးမြှင့်

Myanmar News มี.ค. 29, 2560 view 2,077
အမေရိကန်နိုင်ငံ အမျိုးသား အာကာသနဲ့ လေကြောင်းသုတေသနဌာန NASA မှ မြန်မာလူမျိုး သိပ္ပံရှင် ဒေါက်တာ ပဒေသာတင်နှင့်အဖွဲ့ ၂၀၀၁၆ ခုနှစ်က လေ့လာလုပ်ဆောင်ခဲ့သည့် ရုပ်ပိုင်းဆိုင်သုတေသနအတွက် အကောင်းဆုံးသုတေသနဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
 
ဒေါက်တာပဒေသာတင် အပါအဝင် အမေရိကန်ပညာရှင်၊ ဂျာမဏီမှပညာရှင်တို့ ပူးပေါင်းကာ NASA မှ လွှတ်တင်ထားသည့် အပြည်ပြည်ဆိုင်ရာအာကာသစခန်းတွင် တစ်နှစ်ပတ်လုံးလုပ်ဆောင်ခဲ့သည့် သုတေသနလုပ်ဆောင်ချက်ကို ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးသုတေသနဆုအဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
 
ဒေါက်တာပဒေသာတင်နှင့် အဖွဲ့ဆောင်ရွက်ခဲ့သည့် သုတေသနလုပ်ငန်းမှာ ဆယ်လူလာ ကင်မရာနဲ့ ရုပ်မြင်သံကြား မှန်သားပြင်မှာ အသုံးပြုတဲ့ ပုံဆောင်ခဲအရည်၏ သဘော သဘာဝကို ကမ္ဘာမှ မိုင်၂၅၀ ကျော်ဝေးကွာတဲ့ အာကာသ သုတေသနစခန်းကို ပို့ပြီး လေ့လာခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ ရူပဗေဒ သုတေသနဖြစ်ပါတယ်။ ကမ္ဘာမြေပြင်ဆွဲငင်အားကြောင့် ကမ္ဘာပေါ်တွင် စမ်းသပ်၍ မရနိုင်သော အချက်အလက်များကို အာကာသအတွင်း စမ်းသပ်ခဲ့ပြီးနောက် ပိုမိုကောင်းမွန်သည့် အချက်အလက် စာတမ်းများနှင့် တီထွင်နိုင်မှုများကို လေ့လာတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
 
ဒေါက်တာပဒေသာသည် အမေရိကန်ပြည်ထောင်စု အမျိုးသား အာကာသနဲ့ လေကြောင်း သုတေသနဌာနNASA တွင် နှစ်ပေါင်း ၂၀ ကျော်ကြာ အကြီးတန်း သုတေသနပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ငယ်စဉ်က ရန်ကုန်မြို့ မောင်ထော်လေးလမ်းတွင် မွေးဖွားကြီးပြင်းခဲ့သူတစ်ဦးဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် ဆယ်တန်းကို ဂုဏ်ထူးများနှင့် အောင်မြင်ခဲ့ပြီး မိဘများက ဖြစ်စေချင်သော ဆရာဝန်လိုင်းကို မလိုက်ခဲ့ပဲ သူဝါဿနာပါရာ ရူပဗေဒဘာသာရပ်ကိုသာ တက်ရောက်ခဲ့သည်။
 
ရန်ကုန်တက္ကသိုလ်တွင် ရူပဗေဒဘာသာရပ်ဖြင့် M.Sc ဘွဲ့ရခဲ့ပြီး တက္ကသိုလ်နည်းပြဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း ၁၉၈၄ ခုနှစ်တွင် စကောလားရှစ်ရကာ အမေရိကန်ပြည်ထောင်စုရှိ Western Illinnois University သို့ ပညာသင်ရန် ထွက်ခွာခဲ့သည်။ ထို့နောက် ရူပဗေဒပညာဖြင့် Ph.D ဘွဲ့ရရှိကာ အဆင့်ဆင့် ဖြတ်သန်းခဲ့ပြီးနောက် အမေရိကန်နိုင်ငံ အမျိုးသား အာကာသနဲ့ လေကြောင်းသုတေသနဌာန NASA တွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
 
 
Ref:RFA
 


Follow us on