1. Home
  2. Myanmar News

မိန်းမအင်္ဂါစပ်အား ဆေးလိပ်မီးဖြင့်ထိုးပြီး နှိပ်စက်သူ ခင်ပွန်းအား ဖမ်းဆီးအရေးယူ

Myanmar News มี.ค. 28, 2560 view 2,152
မြဝတီမြို့တွင် မိန်းမဖြစ်သူအား ဒဏ်ရာများရအောင် မကြာခဏ အကြမ်းဖက်နှိပ်စက်သည့်အပြင် သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် ခင်ပွန်းဖြစ်သူကို ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။
 
 
မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ပတ္တမြားဆီဆိုင်လမ်းတွင် နေထိုင်သော မအေးပပ(၃၄ နှစ်)အား ခင်ပွန်းဖြစ်သူ အောင်ဆန်းထွန်း(၄၄ နှစ်)မှ မတ်လ ၂၁ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်တွင် သူတို့၏ နေအိမ်၌ မအေးပပအား ကြိုးတုတ်ချည်နှောင်ကာ ဝါးရင်းတုတ်ဖြင့် ရိုက်ခြင်း၊ မျက်နှာအား လက်သီးဖြင့်ထိုးခြင်း၊ ခြေထောက်ဖြင့် ကန်ကျောက်ခြင်းတို့အပြင် အမျိုးသမီးအင်္ဂါစပ်အား ဆေးလိပ်မီးနှင့် ထို့ခြင်းတို့ကြောင့် ဝဲဘက်လက်ဖျံရိုးကျိုး၊ ခေါင်းနောက်စေ့ဖူးရောင်၊ နဖူး ဖူးရောင်၊ ဝဲဘက်ခြေကျင်းဝတ် ဖူးရောင် ဒဏ်ရာများရရှိကာ မြိဝတီမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်း သိရှိရသည်။
 
 
 
ထို့ကဲ့သို့ ရိုက်နှက် နှိပ်စက်နေစဉ်အတွင်း အောင်ဆန်းထွန်းမှ တူမီးသေနတ်ထုတ်ကာ မအေးပပကို ချိန်ရွယ်ပြီး ပစ်သတ်မည်ဟု ခြိမ်းခြောက်နေစဉ် မအေးပပ၏ သူငယ်ချင်းဖြစ်သူ မသီတာထွန်းမှ တွေ့ရှိခဲ့ပြီး မြဝတီမြို့မရဲစခန်းသို့ သွားရောက် အကြောင်းကြားတိုင်တန်းခဲ့ခြင်းဖြစ်သည်။
 
ရဲအဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင် တူမီးသေနတ် ၂ လက်နှင့်အတူ တရားခံ အောင်ဆန်းထွန်းအား ဖမ်းဆီးရမိခဲ့ပြီး ဒုရဲအုပ်သိန်းကြွယ်စိုးမှ တရားလိုပြုလုပ်ကာ မြဝတီမြို့မရဲစခန်းမှ (ပ)၂၆၈။၂၀၁၇၊ လက်နက်-၁၉(စ)အရအမှုဖွင့်အရေးယူထားကြောင်းသိရသည်။
 
 
Source:တင်ဝင်းလှိုင်(ကော့ကရိတ်)
 


Follow us on