1. Home
  2. Special or Others

တစ်ချိန်က အွန်လိုင်းမှာ ဝေဖန်ရှုံ့ချခံခဲ့ရတဲ့ ချစ်သူစုံတွဲ မီးမီးလေးရပြီ

Special or Others มี.ค. 05, 2560 view 2,554
၂၀၁၅ ခုနှစ် ဝန်းကျင်လောက်က လူမှုကွန်ယက် အွန်လိုင်းပေါ်တွင် လိုက်ဖက်မညီတဲ့ စုံတွဲအဖြစ် ပြစ်တင်ဝေဖန်ခံခဲ့ရသူ ကမ္ဘောဒီးယားမှ စုံတွဲ သမီးမိန်းကလေးတစ်ဦး ထွန်းကားပြီဖြစ်ပါတယ်။
 
 
 
ပန် က သူ့ချစ်သူ လူစီနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေကို အွန်လိုင်းမှာ တင်ခဲ့ပြီးတဲ့နောက် ဝေဖန်ခံရမှုတွေနဲ့အတူ သူတို့စုံတွဲ နာမည်ကြီးသွားခဲ့ပါတယ်။
 
 
 
ယောက်ျားလေး ပရိသတ်အများစုက သာမန်ရုပ်ရည်သာရှိပြီး အသားညိုညို အိန္ဒိယနွယ်ဖွားပုံပေါက်နေတဲ့ ပန်နဲ့ ဖြူဖြူချောချော ချစ်စရာကောင်းတဲ့ လူစီတို့ကို မနာလိုတိုရှည်ဖြစ်ကာ ဝေဖန်ခဲ့ကြပါတယ်။ 
 
 
 
အချို့ပရိသတ်ကလည်း အချစ်မှာ မျက်စိမရှိဘူး ဆိုတာ ဒါမျိုးနေမှာပေါ့လို့ ဝေဖန်ခဲ့ကြသလို အချို့ကလည်း ဖူးစာမှန်ရင် ရှောင်လွဲလို့မရဘူးလို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
 
 
မည်သူတွေ ဘယ်လောက်ပင် ဝိုင်းဝန်းပြောဆိုကြပါစေ နောက်ဆုံးမှာတော့ သူတို့ စုံတွဲဟာ မိဘတွေ ရှေ့မှောက်မှာ ဘဝလက်တွဲဖော်အဖြစ် လက်ထပ်သွားခဲ့ကြပါတယ်။
 
 
 
သူတို့လက်ထပ်သွားတဲ့ သတင်းထွက်ပေါ်လာပြီးချိန်မှာ သူတို့ရဲ့ သတင်းတွေ အွန်လိုင်းမှာ မှေးမှိန်သွားခဲ့ပါတယ်။
 
 
 
အခုအချိန်မှာတော့ သူတို့မှာ အဖေတူသမီးလေးတစ်ဦး ရရှိနေပြီဖြစ်ပါတယ်။
 


Follow us on