1. Home
  2. International News

အမျိုးသမီးတစ်ဦးကို ယောက်ျားသုံးဦးက အဓ္ဓမပြုကျင့်စဉ် လူမှုကွန်ယက်၌ တိုက်ရိုက်ရုပ်သံလွှင့်

International News ม.ค. 25, 2560 view 12,098
ဆွီဒင်နိုင်ငံတွင် အမျိုးသမီးတစ်ဦးကို ယောက်ျား သုံးယောက်က အတင်းအဓ္ဓမ မုဒိန်းဝိုင်းကျင့်နေစဉ် လူမှုကွန်ယက်၌ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည့်အတွက် သံသယရှိသူဟု ယူဆရသူ အမျိုးသား သုံးဦးကို ဆွီဒင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
 
အဆိုပါတိုက်ရိုက်ရုပ်သံ တက်လာခဲ့ပြီးနောက် ကြည့်ရှုမိသူတစ်ဦးက အရှေ့အလယ်ပိုင်ဒေသက လူမျိုးများဟု ယူဆရတဲ့ ကျူးလွန်သူများ၏ ပုံရိပ်ကို စုဆောင်းဖမ်းယူနိုင်ခဲ့ပြီး ဖိုရမ်တစ်ခုမှာ ပြန်တင်ခဲ့ပါတယ်။ တရားခံများဟာ အသက် ၁၈၊ ၂၀ နှင့် ၂၄ နှစ်အရွယ်များဖြစ်ကြပြီးသူတို့ရဲ့ လူမျိုးနဲ့ နောက်ခံအကြောင်းကိုတော့ ရဲဌါနက ထုတ်ပြန်ခဲ့ခြင်းမရှိသေးပါဘူး။
 
မျက်မြင်သက်သေများအရ လူတစ်ယောက်က အမျိုးသမီးရဲ့ အဝတ်များကို စုတ်ဖြဲပြီးနောက် အပေါ်စီးမှ တက်ခွခဲ့ပါတယ်။ အဲသည်နောက်တော့ သူတို့ရဲ့ ရီသံတွေနဲ့အတူ အမျိုးသမီးကို မုဒိန်းကျင့်ပြီးသွားကြောင်း ပြောဆိုခဲ့ပါတယ်။ သူတို့ထဲက သေန်တကိုင်ထားတဲ့ တစ်ယောက်က ကြည့်ရှုနေသူတွေကို စိန်ခေါ်ခဲ့ပြီး သူတို့ရှိနေတဲ့ တိုက်ခန်းကိုပါ ရိုက်ပြခဲ့ပါတယ်။ 
မှင်သက်ကြည့်မိနေသူတွေထဲက အမျိုးသမီးတစ်ဦးက ရဲဌါနကို အရင်ဆုံးအကြောင်းကြားခဲ့သလို အခြားလူတွေကလည်း အကြောင်းကြားခဲ့ကြပါတယ်။
 
အဆိုပါနေအိမ်တိုက်ခန်းထဲသို့ ရဲများ အတင်းဝင်ဆီးခဲ့သည့်အချိန်ထိ တိုက်ရိုက်ရုပ်သံလွှင့်နေဆဲ ဖြစ်သည်။ အဲသည်နောက် ရဲများက သူတို့ သုံးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ နောက်ထပ်သတင်းတစ်ခုအရ နောက်ထပ် ဗီဒီယိုတစ်ခု ထပ်တက်လာပြီး အဆိုပါဗီဒီယိုတွင် အမျိုးသမီးက သူမကို မုဒိန်းကျင့်သည်မှာ မဟုတ်ကြောင်း ငြင်းဆိုထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ သူတို့အတင်းအကျပ် စေခိုင်းမှုကြောင့် အမျိုးသမီးမှာ ပြောရခြင်းဖြစ်တယ်လို့ ကြည့်ရှုသူတွေက ထင်မြင်နေကြပါတယ်။
 
 


Follow us on