1. Home
  2. Special or Others

စာသင်ကျောင်းခန်းထဲ ကလေးမွေးခဲ့တဲ့ အထက်တန်းကျောင်းသူလေး

Special or Others ม.ค. 24, 2560 view 2,520
ထိုင်းနိုင်ငံ အထက်တန်းကျောင်းရဲ့ စာသင်ခန်းတစ်ခုမှာ ကလေးမီးဖွားခဲ့တဲ့ အထက်တန်းကျောင်းသူလေးရဲ့ ဗီဒီယိုဟာ အွန်လိုင်းမှာ ပြောစမတ်ဖြစ်လောက်အောင် ပျံ့နှံ့နေခဲ့ပါတယ်။
 
အဆိုပါကျောင်းသူလေးမှာ ကိုယ်ဝန်ရှိနေမှန်း သူမရဲ့ အခင်ဆုံးစိတ်အချရဆုံး သူငယ်ချင်းတစ်ယောက်ကလွဲရင် အခြားမည်သူမှ သတိမထားမိခဲ့ကြပါဘူး။ အဲဒီနေ့မှာလည်း သူမဟာ ပုံမှန်အတိုင်း ကျောင်းတက်လာခဲ့ပါတယ်။ ဗိုက်နာပြီး သားဖွားချင်တဲ့ ဝေဒနာကြောင့် နာလွန်းလို့ မချိမဆန့် အော်ဟစ်လိုက်သံဟာ စာသင်ခန်းတစ်ခုလုံး အံ့အားသင့်ခဲ့ရပါတယ်။ ဒါပေမယ့် သူမ ဘာကြောင့်မို့ အော်နေတယ်ဆိုတာ ဘယ်သူမှ မရိပ်မိသေးပါဘူး။ 
ခဏကြာတဲ့အခါမှာတော့ ဆရာမက သားဖွားခါနီး နာကျင်လို့ အော်တယ်ဆိုတာကို ရိပ်မိသွားခဲ့ပါတယ်။ ရုတ်တရက် စာသင်န်းကြမ်းပြင်ပေါ်ကို သွေးတွေဆင်လာတဲ့အခါ အခြားကျောင်းသားတွေက ထိတ်လန့်ကုန်ကြပါတယ်။ သဘောပေါက်တဲ့ ဆရာမကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကလေးမီးဖွားရာမှာ ကူညီပေးခဲ့ပြီး ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။
 
ဒီဗီဒီယိုကို ကြည့်ရှုပြီးနောက် ဝေဖန်သူများပြာခဲ့ရပါတယ်။ “ကျောင်းတောင်မပြီးသေးပဲနဲ့ ဘယ်လိုများ ကလေးရရတာလဲ” “ကိုယ်ဝန်ဆောင်တဲ့ ကျောင်းသူကို စာဆက်သင်ခွင့်ပေးမှာလား” “ဒီဗီဒီယိုက တစ်ကယ်ရော ဟုတ်ရဲ့လား” စသည်ဖြင့် ပွက်လောရိုက်ခဲ့တဲ့ ဗီဒီယိုတစ်ခု ဖြစ်ခဲ့ပါတယ်။ 
 


Follow us on