1. Home
  2. Special or Others

ရေကြီးမှုဒဏ်ခံခဲ့ရပြီးနောက် စမ်းချောင်းအတွင်း ရွှေများမျောပါလာသောကြောင့် ရွှေကျင်သူတွေ ကြီးပွား

Special or Others ม.ค. 17, 2560 view 2,529
မကြာသေးမီကမှ ရေကြီးတဲ့ဒဏ်ကို ခံထားခဲ့ရတဲ့ ထိုင်နိုင်ငံ ပရာချပ်ခရီခန် ပြည်နယ်က စမ်းချောင်းလေးတစ်ခုမှာ သဘာဝက လျော်ကြေးပန်ပေးတယ်လို့ ယူဆလို့ရအောင် ရွှေစလေးတွေ တွေ့ရှိခဲ့တာကြောင့် ဒေသခံရွှေကျင်သူတွေနဲ့ စည်ကားနေပါတယ်။
 
 
စမ်းချောင်း တစ်လျောက် ၅ ကီလိုမီတာလောက် ရှည်လျားတဲ့ နေရာလေးဟာ ယခင်ကတည်းက ရွှေထွက်ရာနေရာတစ်ခု ဖြစ်ခဲ့ပြီး ရွှေရည်လည်း သန့်စင်တာကြောင့် ဒီဒေသကထွက်တဲ့ ရွှေဟာနာမည်ကောင်းရ လူကြိုက်များခဲ့ပါတယ်။ ယခုနှစ်ပိုင်းတွေမှာတော့ ရွှေရှာတွေ့ဖို့ အလွန် ခက်ခဲလာတာကြောင့် မိရိုးဖလာ ရွှေကျင်သူတွေတောင် အခြားအလုပ်အကိုင် ပြောင်းလုပ်ကုန်ကြပါတယ်။
 
 
ဒါပေမယ့် ရေကြီးပြီးနောက်ပိုင်းမှာ ရွှေင်ကျင်သူတွေက မထင်မှတ်ပဲ ရွှေတွေကို ပြန်လည်တွေ့ရှိခဲ့ကြပါတယ်။ လူတွေ ရှာမတွေ့တော့တဲ့ ရွှေတွေဟာ မိုးသည်းထန်စွာ ရွာခဲ့ပြီနောက် ပြန်ပေါ်လာတယ်လို့ ယုံကြည်နေကြပြီး အခုဆိုရင် ရွှေကျင်သူတွေဟာ တစ်ရက်ကို ဘတ်ငွေ ၃,၀၀၀၊ ၄,၀၀၀ (ကျပ် တစ်သိန်းခွဲနီးပါး) လောက် ဝင်ငွေရနေပါတယ်။ 
 
 
ရွှေထွက်တယ်ဆိုတဲ့ သတင်း ပျံ့သွားပြီးတဲ့နောက်မှာတော့ ဒေသခံတွေဟာ သူတို့ရဲ့ နေရပ်ဆီကို ပြန်လာပြီး ရွှေကျင်ကြသလို နိုင်ငံခြားသား ခရီးသည်တွေကလည်း အပျော်သဘောနဲ့ ဝင်ရောက်ရွှေကျင်ခဲ့ကြကြောင်း သိရသည်။ အနီးနားမှာ ရွှေကုန်သည်တွေကလည်း ရွှေဝယ်ဖို့ စောင့်ဆိုင်းနေကြကြောင်း သိရှိရသည်။
 
 
Source:ဘန်ကောက်ပိုစ့်


Follow us on