1. Home
  2. Special or Others

အွန်လိုင်းမှာ လူကြိုက်များနေတဲ့ ချစ်စရာကလေးဓါတ်ပုံများရဲ့ ကြေကွဲစရာ နောက်ခံဇာတ်လမ်း

Special or Others ม.ค. 13, 2560 view 2,059
ဖော်ပြပါ ဓါတ်ပုံတွေဟာ ချစ်စရာ မွေးကင်းစ ကလေးငယ်နှစ်ဦးရဲ့ ပုံအဖြစ် လူသိများလှပေမယ့် ဒီကလေးနှစ်ဦး ဓါတ်ပုံရဲ့ နောက်ကွယ်က ဇာတ်လမ်းလေးကိုတော့ သိတဲ့လူ ရှားပါလိမ့်မယ်။
 
 
“လင်းဆေး” နဲ့ “မက်သရူး” တို့စုံတွဲဟာ သားသမီးရချင်လို့ နှစ်များစွာကြိုးစားခဲ့ရပြီး နောက်ဆုံးမှာတော့ အမြွှာလေး နှစ်ယောက်ကို ကိုယ်ဝန်ဆောင်နိုင်ခဲ့တဲ့အတွက် သူတို့ဘဝမှာ အပျော်ဆုံးဖြစ်ခဲ့ကြရပါတယ်။ အမြွှာနှစ်ယောက်ဟာ ယောက်ျားလေးနှင့် မိန်းခလေး ဖြစ်နေတာကြောင့် ပိုလို့တောင် ပျော်ရွှင်ကြရပါတယ်။ ယောက်ျားလေးကို “ဝီလီယန်” မိန်းခလးကို “ရေဂင်” လို့ ကိုယ်ဝန်ဆောင်စဉ်မှာပဲ နာမည်ပေးထားခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီအပျော်တွေဟာ သိပ်ကြာကြာမခံလိုက်ပါဘူး။
 
 
ကိုယ်ဝန်ကို အာထရာဆောင်း ရိုက်ကြည့်တဲ့အခါ “ဝီလီယန်” ရဲ့ နှလုံးက အလုပ်မလုပ်တာကြောင့် အသေလေးပဲ မွေးလာလိမ့်မယ်လို့ ဆရာဝန်တွေက ကြိုတင်အသိပေးခဲ့ပါတယ်။ ဒါပေမယ့် တစ်ကယ်တမ်း မွေးလာတဲ့အခါ “ဝီလီယန်”က မသေပဲ အသက်ရှင်ရက် မွေးဖွားလာတာကြောင့် အားလုံးဟာ အံ့အားသင့်ပြီး ပျော်ရွှင်ခဲ့ရပါတယ်။
 
 
တစ်ကယ်တော့ “ဝီလီယန်” ဟာ သူ့မိခင် ဖခင်တွေကို မြင်တွေ့ချင်လို့ အသက်ရှင်ရက်မွေးလာခဲ့ပေမယ့် သူ့ရဲ့ အသက်ရှင်ခွင့်ဟာ ခဏတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပုံမှန်အတိုင်း အလုပ်မလုပ်တဲ့ အရာတွေ အများကြီး ရှိနေပြီး အထူးသဖြင့် သူ့ရဲ့ နှလုံး ဘယ်ဘက်အခြမ်းက လုံးဝ အလုပ်မလုပ်ပါဘူး။
 
 
“ဝီလီယန်”ရဲ့ မိဘတွေဟာ သူ့သားလေး အသက်ရှင်ရမယ့်  နေ့ရက်တွေကို သူတို့ရဲ့ ဘဝမှာ အမြဲတမ်း အမှတ်တရရှိနေစေဖို့ ဓါတ်ပုံဆရာ “လင်းဆေ ဘရောင်း” နဲ့ သူတို့မိသားစုလေးကို မှတ်တမ်းတင်စေခဲ့ပါတယ်။ ၁၁ ရက့မြောက်နေ့မှာတော့ “ဝီလီယန်” ကွယ်လွန်သွားခဲ့ပါတယ်။
 
 
 
 
ဓါတ်ပုံဆရာမ “လင်းဆေ” ကိုယ်တိုင် ကြေကွဲ ဝမ်းနည်းခဲ့ရပြီး ဒီဓါတ်ပုံလေးတွေကို ပြန်ကြည့်တိုင်း သူမ ငိုနေရတုန်းပဲလို့ ဖွင့်ဟခဲ့ပါတယ်။
 
source:metro


Follow us on