1. Home
  2. Myanmar News

ဟိန္ဒူဘုရားကျောင်းမယ်တော်ခန်းအတွင်း ဝင်ရောက်သည့်အမျိုးသားကို တားမြစ်ရာမှ လှံဖြင့် ထိုးမှုဖြစ်ပွား

Myanmar News ม.ค. 11, 2560 view 1,911
ဟိန္ဒူဘုရားကျောင်းအ တွင်းသို့ အတင်းဝင်ရောက်သည့် လူငယ်တစ်ဦးကို တားဆီးရာမှ  အသက်(၄၀)အရွယ်အမျိုးသား တစ်ဦး မယ်တော်ရုပ်တုလက်အတွင်းမှ လှံဖြင့်အထိုးခံခဲ့ရကြောင်း သတင်းရရှိသည်။
 
တာမွေမြို့နယ် အောင်မင်္ဂ လာရပ်ကွက်အတွင်းရှိ ကာလီ မယ်တော်ဘုရားကျောင်းတွင် ဇန်နဝါရီ ၈ရက် ည ၈နာရီခွဲက မယ်တော်ရုပ်တုထားရှိရာ အခန်းအတွင်းသို့ အသက်(၂၂)နှစ်အရွယ်လူငယ်တစ်ဦး အတင်းဝင်ရောက်ရန်ကြိုးစားရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သိရသည်။
 
မယ်တော်ရုပ်တု ထားရှိ သည့်အခန်းအတွင်းသို့ အတင်းဝင်ရောက်နေသည့်လူငယ်အား ဘုရားကျောင်းလူကြီး ဦးသန်းထွန်းက ဟန့်တားသည်ကို အဆိုပါလူငယ်က မကျေမနပ်ဖြစ်ကာ မယ်တော်ရုပ်တုလက်အတွင်းရှိ အရှည်တစ်ပေခွဲခန့်ရှိသည့် လှံသေးကိုယူကာ ဘုရားလူကြီးကို ရန်ပြုခဲ့သည်။
 
ထို့သို့ ဘုရားလူကြီးအား ရန် ပြုနေသည်ကို အသက်(၄၀)အ ရွယ် ဦးကြည်စိုးနိုင်က ဝင်ရောက် ဟန့်တားစဉ် လှံဖြင့်ထိုးမိခဲ့သဖြင့် ၎င်း၏နောက်စေ့တွင် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ဘယ်ဖက်မျက်လုံးတွင် ကုတ်ခြစ်ဒဏ်ရာများရရှိသွားခဲ့ကြောင်း သိရသည်။
 
ဘုရားကျောင်းရှိ မယ်တော် ရုပ်တုလက်အတွင်းမှ လှံကိုယူကာ ရန်ပြုခဲ့သည့် ဟိန္ဒူဘာသာ ဝင်လူငယ်တစ်ဦးကို တာမွေမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၄/၅၀၆တို့ဖြင့်အမှုဖွင့်ကာ စုံ စမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးကသိရသည်။
 
Credit:7Day


Follow us on