1. Home
  2. Special or Others

မြန်မာ့ဘောလုံးလောကအတွက် အမြန်ပြန်ခေါ်ထားသင့်သည့် ထိုင်းနိုင်ငံရောက် မွန်လူမျိုးကလေးငယ်

Special or Others ม.ค. 09, 2560 view 3,188
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မွန်လူမျိုးကလေးငယ် ဆူဝင်ဟာ အသက် (၇)နှစ်အရွယ်သာ ရှိသေးပေမယ့် သူရဲ့ ဘောလုံးစွမ်းရည် ပါရမီကတော့ အံ့မခမ်းပါပဲ။ ထိုင်းနိုင်ငံရဲ့ ရုပ်သံဖျော်ဖြေရေး အစီစဉ်တစ်ခုဖြစ်တဲ့ Workpoint မှာ ပြသခဲ့တဲ့ ဘောလုံးစွမ်းရည်ကြောင့် ထိုင်းဘောလုံးကလပ်အသင်းတွေက ခေါ်ယူဖို့ မျက်စိကျနေကြပါပြီ။
 
ဆူဝင်ဟာ အဲဒီဖျော်ဖြေပွဲမှာ သုံးကြိမ်သုံးခါ ဂိုးတိုင်ဘားတန်းကိုပဲ ထိအောင် တိတိကျကျ ကန်ပြနိုင်ခဲ့တဲ့အတွက် ဒိုင်လူကြီးများက အံ့သြနှစ်ခြိုက်ခဲ့ကြပါတယ်။ ထိုင်းအမျိုးသားဘောလုံးအသင်း လက်ရွေးစင်ကစားသမားဟောင်းတဦးဖြစ်တဲ့ ဆုတီး ဆပ်ဆွန်ကစ်ဟာ ဒီရုပ်သံအစီအစဉ်ကို ကြည့်ရှုခဲ့ပြီး “ဘားတန်းကို ထိအောင်ကန်နိုင်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှပါဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဆူဝင်အားကျပြီး အတုယူလေ့ကျင့်ခဲ့ရတဲ့ အားကစားသမားကတော့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဖြစ်တယ်လို့ ဆိုပါတယ်။
 
ထိုင်းပြည်တွင်းဘောလုံးအကယ်ဒမီမှ ဆွန်ဘတ် လီကူမာ့ထိုင်းကတော့ ဆူဝင်ကို ငှားရမ်းလေ့ကျင့်ပေးဖို့ ငယ်လွန်းသေးတယ်လို့ မှတ်ချက်ပြု ပြောဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ဘောလုံးလောကအတွက်တော့ အခွင့်အရေးရနိုင်တဲ့ မှတ်ချက်တစ်ခုဖြစ်နိုင်ပါတယ်။
သူရဲ့ ဘောလုံးစွမ်းရည်ပြသတဲ့ ရုပ်သံကို ကြည့်ရှုသူ ၅ သန်းကျော်ရှိနေပြီး ၂ သိန်းနီးပါက ပြန်လည်မျှဝေခဲ့ကြပါတယ်။
 
ဖျော်ဖြေပွဲမှာ ဆူဝင်ဟာ မွန်ဘာသာစကားနဲ့ မင်္ဂလာပါလို့ နှုတ်ဆက်ခဲ့ပြီး သူဟာ မြန်မာနိုင်ငံသား မွန်လူမျိုးတစ်ဦးဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်နေသေးတယ်ဆိုရင်တော့….
 
Source:dvb
 


Follow us on