ရန်ကုန်မြို့တွင်း မီးပွိုင့်များ တပ်ဆင်ခြင်းလုပ်ငန်းကို အပြီးသတ်လုပ်ကိုင်ရန် ကတိပြုထားသည့် ရက်များကျော်လွန်သည့်တိုင် အပြီးမသတ်နိုင်ဖြစ်နေရသည့်အတွက် တစ်ရက်ကို ဒဏ်ငွေ သိန်းတစ်ရာကျပ် သတ်မှတ်ရန် ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ လွှတ်တော်တွင် တင်ပြထားခဲ့ကြောင်း သတင်းရရှိသည်။
တရုပ်ကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီတို့ ပူးပေါင်းကာ အဆင့်မြင့်မီးပွိုင်များ တပ်ဆင်ခြင်း လုပ်ငန်းကို သတ်မှတ်ကာလတိုင် အပြီးမသတ်နိုင်သည့်အတွက် ရက်ကျော်လွန်ကြေး တစ်ရက်ကို ဒဏ်ငွေ တစ်သိန်းပေးဆောင်ကာ ဆက်လုပ်လုပ်ကိုင်နေရခြင်းဖြစ်သည်။ ဤကဲ့သို့ နှောင့်နှေး ကြန့်ကြာနေသည့်အပေါ် တစ်ရက်ကို ဒဏ်ငွေ သိန်း ၁၀၀ ကျပ်တိုးမြှင့်ရန် တင်ပြခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ရန်ကုန်မြို့ အတွင်းရှိ မီးပွိုင့်များကို တစ်နေရာထဲမှ ထိန်းချုပ်နိုင်မည့် ဗဟိုထိန်းချုပ်စင်တာကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ နတ်က္ခတာရာပြခန်းတွင် တည်ဆောက်တပ်ဆင်နေကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တွင်း မီးပွိုင့်ပေါင်း (၁၅၀) ကျော်ကို ထိန်းချုပ်နိုင်မည့်စင်တာကို တရုပ်နိုင်ငံမှကုမ္ပဏီတစ်ခုနှင့် ပြည့်တွင်းမှ ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး အဆိုပါထိန်းချုပ်စနစ်တွင် လမ်းပိတ်ဆို့မှုမဖြစ်အောင် အလိုအလျှောက်ထိန်းချုပ်လမ်းရှင်းစနစ်၊ စည်းကမ်းဖောက် မော်တော်ယာဉ်များအား အရေးယူနိုင်ရန် မှတ်တမ်းတင်ရိုက်ကူးထားနိုင်သည့် စနစ်တို့ ပါဝင်မည်ဖြစ်သည်။ ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစင်တာကို ယခင်အစိုးရလက်ထပ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ငွေကျပ်ဘီလီယံ ၂၀ ခန့် သုံးစွဲထားခဲ့ခြင်းဖြစ်သည်။
Source:မြစ်မခမီဒီယာ