1. Home
  2. International News

မြန်မာငွေ သိန်း ၁၃၀၀၀ ကျော်ဖိုး ဂိမ်းဝယ်ဆော့တဲ့ လူ

International News ธ.ค. 14, 2559 view 2,313

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားမှ လူတစ်ယောက်က Game of War ဂိမ်းမှာ Items များ ၀ယ်ဖို့ ဒေါ်လာတစ်သန်း သုံးခဲ့ပါတယ်။ သူသုံးလိုက်တဲ့ ငွေတွေဟာ အလုပ်ရှင် ဖြစ်သူထံမှ ခိုးယူထားတဲ့ ငွေတွေ ဖြစ်ပါတယ်။ Game of War ဟာ Android , iOS အတွက် ထုတ်လုပ်ထားတဲ့ အခမဲ့ ဂိမ်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်နက်များ ၀ယ်ယူခြင်း၊ Upgrade လုပ်ခြင်းတို့အတွက် ငွေပေးဝယ်ယူရတာ ဖြစ်ပါတယ်။ ဂိမ်းတီထွင်သူများက Game of War ဟာ ကမ္ဘာ့အကြီးမားဆုံး Multiplayer Strategy Game ဖြစ်ပြီး လူသန်းပေါင်းများစွာဟာ အနိုင်ရဖို့ တိုက်ခိုက်နေကြတယ်လို့ ပြောပါတယ်။ နေ့စဉ် ဂိမ်းကနေ ဒေါ်လာ ၁.၆ သန်း ၀င်ငွေရနေပါတယ်။

၂၀၁၅ ခုနှစ်မှာ ကစားသူတစ်ဦးဟာ ပျမ်းမျှအားဖြင့် ဒေါ်လာ ၅၅၀ နဲ့ ယခုနှစ်မှာ ဒေါ်လာ ၉၀၀၀ ငွေသုံးခဲ့ပါတယ်။ Sacramento တရားရုံးက အသက် ၄၅ နှစ်အရွယ် Kevin Lee Co ကို အလုပ်ရှင်ထံမှ ၄.၈ သန်း ခိုးယူုမှုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူခိုးကလည်း Game of War မှာ Items များ ၀ယ်ဖို့အတွက် ဒေါ်လာ ၁ သန်း သုံးခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ Co က ကုမ္ပဏီမှ ငွေများကို ခိုးယူနေတာ ၇ နှစ်ရှိပြီ ဖြစ်တယ်လို့ ၀န်ခံပါတယ်။ သူဟာ ခိုးယူထားတဲ့ငွေတွေကို မျက်နှာလှပဖို့ အတွက် ပလတ်စတစ်ဆာဂျရီ လုပ်ခဲ့ပြီး Whitney Oaks Gold Club မှာ မန်ဘာတောင် ၀င်ထားပါတယ်။

Credit : digitaltime



Follow us on