1. Home
  2. Special or Others

သင့်ရဲ့လက်မက ပြောတဲ့ သင့်ရဲ့ စိတ်နေသဘောထားနဲ့ အရည်အသွေး

Special or Others ธ.ค. 05, 2559 view 2,740
လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို မေးမြန်းစပ်စုနေုဖို့ မလိုပဲ ကိုယ်ခန္ဓာပုံသဏ္ဍန်တွေကိုကြည့်ရုံနဲ့ အဲဒီလူရဲ့ အတွင်းသဘောကို အနီးစပ်ဆုံးသိနိုင်တဲ့ အချက်တွေများစွာ ရှိပါတယ်။ လက်မကိုကြည့်ပြီး လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ ကိုယ်ရည်ကိုယ်သွေး ဘယ်လိုရှိမယ်ဆိုတာ သိရှိနိုင်မယ့် အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ 
မှန်တယ်မမှန်ဘူးဆိုတာ သိရအောင် သူတစ်ပါးကို အကဲမဖြတ်ခင် မိမိကိုယ်ကိုယ် အရင် အကဲခတ်ကြည့်လိုက်ကြရအောင်လား…
 
ဖြောင့်တန်းနေတဲ့ လက်မ
 
 
လက်မထောင်လိုက်တဲ့အခါမှာ ဖြောင့်တန်းနေပြီး နောက်ကိုကွေးညွတ်နေခြင်းမရှိတဲ့ လက်မပိုင်ရှင်ဖြစ်မယ်ဆိုရင် သင်ဟာအရာရာကို အရမ်းအလေးအနက် ထားတတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။ စိတ်ဓာတ်မာကြောပြီး ခံစားလွယ်တဲ့သူတစ်ဦး မဟုတ်ပါဘူး။ သင့်ရဲ့ စိတ်လှုပ်ရှားမှုကို ပြလေ့မရှိတဲ့ သူတစ်ဦးဖြစ်ပေမဲ့ စိတ်ဓာတ်ကျတတ်သူတစ်ဦးတော့ မဟုတ်ပါဘူး။
 
 
 
ကွေးနေတဲ့လက်မ
 
 
လက်မထောင်လိုက်တဲ့အခါ နည်းနည်းဖြစ်စေ၊ များများဖြစ်စေ ကွေးနေတတ်တဲ့သူတွေဟာ ကိုယ့်ရဲ့ ခံစားချက်တွေကို အများသိအောင် ပြတတ်တဲ့သူတွေဖြစ်သလို အတွေးတွေကိုလည်း ထုတ်ဖော်ပြောရမှာ နှစ်သက်တတ်သူတွေဖြစ်ပါတယ်။ ကွေးနေတဲ့လက်မပိုင်ရှင်မှာ အဆစ်အတို အရှည်ပေါ်မူတည်ပြီး ထပ်မံကွဲပြားပါသေးတယ်။ လက်မထောင်လိုက်ရင် အပေါ်ထိပ်ပိုင်းအဆစ်ကို ပထမအဆစ်အဖြစ် သတ်မှတ်ပြီး အောက်ပိုင်းအဆစ်ကို ဒုတိယအဆစ်အဖြစ် သတ်မှတ်ထားပါ။
 
လက်မရဲ့ ပထမအဆစ်က ဒုတိယအဆစ်ထက်ပိုရှည်မယ်ဆိုရင် စိတ်စွမ်းအားကို ယုံကြည်သူတစ်ဦးဖြစ်ပြီး အလုပ်ကိုအရမ်းကြိုးစားတတ်သူတစ်ဦးဖြစ်ပါတယ်။ အလိုလိုသိစိတ်ကို ယုံကြည်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချလေ့ရှိပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လာရင်လည်း တော်တော့်ကို သစ္စာကြီးသူတစ်ယောက်ပါ။
 
လက်မရဲ့ ပထမအဆစ်က ဒုတိယအဆစ်ထက်ပိုတိုနေမယ်ဆိုရင် သင့်ရဲ့ ဆုံးဖြတ်ချက်အားလုံးကို စိတ်ခံစားချက်ထက် လက်တွေ့ကျမှုပေါ်မှာပဲ မူတည်ပြီးချတတ်ပါတယ်။ စိတ်ခံစားချက်နဲ့ လက်တွေ့ကျတာကို ယှဉ်လာရင် လက်တွေ့ကို ပိုဦးစားပေးတတ်တာကြောင့် အချစ်ရေးနဲ့ ပတ်သက်လာရင် သင့်လျော်တဲ့ လက်တွဲဖော်နဲ့တွေ့နိုင်ဖို့အခွင့်အရေးကောင်းတွေနဲ့ လွဲသွားတတ်ပါတယ်။ ဒီပြဿနာကို ကျော်လွှားနိုင်ဖို့အတွက် သင့်အနေနဲ့ အချစ်ကို ရှာဖွေတဲ့အခါမှာ လက်တွေ့ကျတာတွေကို နောက်မှာထားပြီး ခံစားချက်လေးကို အနည်းငယ် ထည့်သွင်းစဉ်းစားသင့်ပါတယ်။
 
Credit:သတင်းစုံ


Follow us on