ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်များ ဖြစ်ပွားနိုင်သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းခွင့်ကို ခွင့်ပြုပေးနိုင်ခြင်း မရှိသေးကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌါန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားခဲ့သည်။
ရွှေပြည်သာ၊ လှိုင်သာယာ စသော မြို့သစ်များနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိသော မြို့နယ်များတွင် မောတော်ဆိုင်ကယ် စီးနင်းခွင့်ပြုရန်နှင့် သက်ဆိုင်ရာမြို့နယ်အလိုက် ဆိုင်ကယ်စီးနင်းခွင့် လိုင်စင်များ ပြုလုပ်ပေးရန် အစီစဉ် ရှိ/မရှိကို ရွှေပြည်သာလွှတ်တော်အမတ် ဦးဉာဏ်လင်းက မေးမြန်းခဲ့သော မေးခွန်းကို နိုဝင်ဘာ ၁၇ ရက် ပြည့်သူ့လွှတ်တော်အစည်းအဝေး၌ ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းတွင် မြို့နယ် ၄၅ မြို့နယ်ရှိသည့်အနက် ၃၁ မြို့နယ်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဧရိယာနယ်နိမိတ်အတွင်း တည်ရှိပြီး၊ အဆိုပါ နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းဝင်ရောက်ခြင်းမပြုရဟု အမိန့်အမှတ်(၂/၂၀၁၄) နှင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က တားမြစ်ခဲ့ခြင်းဖြစ်သည်။
Credit:7DayDaily