ရန်ကုန်တိုင်းအတွင်း ကားနံပါတ်ပြားများ ခိုယူမှု မြင့်တက်လာပြီး တစ်ပတ်လျှင် ပျှမ်းမျှ နံပါတ်ပြား ၁၅၀ ခန့် ပျောက်ဆုံးမှု လာရောက်လျှောက်ထားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာန (ကညန) မှ သိရှိရသည်။
ယခင်က ကားနံပါတ်ပြားပျောက်ဆုံးမှု ပုံမှန်အားဖြင့် တစ်ပါတ်လျှင် ၄၀ ခန့်သာရှိရာမှ စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ နံပါတ်ပြားပျောက်ဆုံးမှု တစ်ပါတ်လျှင် ၁၅၀ ကျော်ထိရှိလာခဲ့သည်။ အဆိုပါ နံပါတ်ပြားများ ခိုးယူမှုမြင့်တက်လာရခြင်းမှာ လိုင်စင်မဲ့ကားဈေကွက် ကျယ်ပြန့်လာနေခြင်းနှင့် တိုက်ရိုက် စပ်ဆိုင်မှုရှိနေကြောင်း ကားဝယ်ရောင်းဈေးကွက်တွင်းမှ သိရှိရသည်။
“တချို့တွေလည်း မှန်မှန် ကန်ကန်ပျောက်ဆုံးတာ ရှိပါတယ်။ မလိုလားအပ်တဲ့ အကြံအစည်တွေနဲ့ ထုတ်ယူတာမျိုး မဖြစ်အောင်လို့ ဖောင်းကြွနံပါတ်ပြား တကယ်ပျောက်ဆုံးတယ်ဆိုရင် သတင်းစာမှာ ထည့်သွင်းကြေညာတာမျိုး၊ ပိုင်ရှင်ကိုယ်တိုင်လျှောက်လွှာနဲ့ လျှောက်တဲ့စနစ်မျိုးကို ကျင့်သုံးပြီး ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံးသူတွေကို ထုတ်ပေးနေပါတယ်’’ဟု အထက်ပါ ခရိုင် ဦးစီးမှူးက ဆိုသည်။
ကားနံပါတ်ပြား ပျောက်ဆုံးပြန်လည် လျှောက်ထားမှကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာန (ကညန) မှ အမှန်ကန်ဆုံးဖြစ်အောင် စိစစ်ပြီးမှ ပြန်လည်ထုတ်ပေးနေကြောင်း သတင်းရရှိသည်။
Ref:7daydaily