နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်မြဲဖြစ်သော သီတင်းကျွတ်ပွဲတော် ရေကျော်ပွဲဈေးကို အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ပုစွန်တောင်မြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်၌ စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့သည်။ ရေကျော်ဈေးပွဲကို အောက်တိုဘာ ၁၃ ရက်နေ့မှ ၁ရ ရက်နေ့ထိ ၅ ညတိုင်တိုင် ပြုလုပ်မည်ဖြစ်ပြီး ကာတွန်းမီးထွန်းပွဲတော်ကို လမ်း ၅၀ အတွင်း၌ ပြုလုပ်ရန် စီစဉ်ထားသည်။ ကယ်ရီကေးချား လက်တွေ့ရေးဆွဲမှုကို ဗိုလ်ချုပ်လမ်းမပေါ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ညဈေးတန်းနှင့် စည်ကားနေသော ရေကျော်ပွဲတော်အလှ
Ref:Eleven