1. Home
  2. International News

ရေအောက်ကမ္ဘာဥယျာဉ်မှ ရေငုတ်သမား ငါးလိပ်ကျောက်တိုက်ခိုက်၍ သေဆုံး

International News ต.ค. 05, 2559 view 2,113
စင်ကာပူနိုင်ငံ စင်တိုဆာ အပန်းဖြေကျွန်းတွင် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်မှုအရှိဆုံးနေရာတစ်ခုဖြစ်သည့် ရေအောက်ကမ္ဘာတွင် လုပ်သက် ၂၅ နှစ်ရှိပြီဖြစ်သော ရေငုတ်အဖွဲ့၏ ခေါင်းဆောင် တစ်ဦးလည်းဖြစ်သော 'မစ္စတာ ဖိလစ်ချန်း' တစ်ယောက် ငါးလိပ်ကျောက်မြီးစူးကာ သေဆုံးသွားခဲ့ပါတယ်။
'မစ္စတာ ဖိလစ်ချန်း' ဟာ ရေအောက်ကမ္ဘာစတင်ဖွင့်လှစ်ခဲ့တဲ့ ၁၉၉၁ ခုနှစ်ထဲက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ရေငုတ်ဝတ်စုံဝတ်ဆင်ကာ ငါးမန်းနဲ့ အခြားရေသတ္တဝါတွေကို အစားကျွေးတာပြတာတွေက ရေအောက်ကမ္ဘာလာလည်ကြသူများကို ဖမ်းစားစေခဲ့ပါတယ်။ သူ ငါးတွေကို အစာကျွေးတာကို ပရိသတ်က ကြည့်ရှု့ပြီး အမှတ်တရဓါတ်ပုံတွေရိုက်ကြပါတယ်။ သူ့အသက် ၆၀ အစောပိုင်းအရွယ်မှာ မထင်မှတ်ပဲ ငါးလိပ်ကျောက် တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။
 
 
ဖြစ်ဖြစ်ချင်းမှာ စင်ကာပူအထွေထွေဆေးရုံးကြီးသို့ တင်ပို့ခဲ့ပေမယ့် ရထားတဲ့ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ပါတယ်။ အခုလို သဘာဝမဟုတ်တဲ့ သေဆုံးမှုဖြစ်စဉ်အတွက် ဆက်လက်စုံစမ်း စစ်ဆေးနေပါတယ်။
လှောင်ထားခံရတဲ့ ငါးလိပ်ကျောက်တွေဟာ သူတို့ကို ရန်မူတယ်လို့ ထင်တာနဲ့ သူတို့က စူးနဲ့ထိုးပြီး တိုက်ခိုက်တတ်ကြတယ်၊ ဘယ်လိုအခြေနေမျိုးတွေလဲဆိုတော့ သူတို့ကို ကန်ထဲကနေ ရွှေ့တဲ့အခါမျိုးတွေမှာ ဖြစ်တတ်တယ်လို့ ငါးသတ္တဝါကျွမ်းကျင်ပညာရှင် 'ဒေါက်တာတန်ဟီဟွေ' က ပြောပါတယ်။ ငါလိပ်ကျောက်ရဲ့ စူးက လူရဲ့ခန္ဓာကိုယ်ထဲ စိုင်ဝင်သွားတဲ့အခါ အဆိပ်တွေပျံသွားပါတယ်။ ငါးလိပ်ကျောက် အဆိပ်​က မသေစေနိုင်လောက်ပေမယ့် အလွန်နာကျင်ပါတယ်။
 
 
'မစ္စတာ ဖိလစ်ချန်း' ဟာ ရေအောက်ကမ္ဘာဥယျာဉ်မှ ရေသတ္တွတွေအပေါ်မှာ သူ့ရဲ့ သားသမီးများကဲ့သို့ ပြုမူဆက်ဆံတတ်သူတစ်ဦးဖြေစ်ကြောင်း သူ၏လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများက ဝမ်းနည်းစွာပြောကားခဲ့ပါတယ်။
 
Ref:NewPaper


Follow us on