1. Home
  2. Myanmar News

ပျောက်ကွယ်သွားတော့မယ့် ခုံဖိနပ်လုပ်ငန်း

Myanmar News ก.ย. 29, 2559 view 2,483

-အခုဆိုရင် ခုံဖိနပ်လုပ်ငန်း လုပ်ကိုင်သူ နှစ်ဦးကို စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက် နယ်တောင်ပိုင်း သဲဖြူချောင်းရွာမှာ ရှားရှား ပါးပါး တွေ့မြင်ခဲ့ရပါတယ်။

-ရိုးရာလက်မှုလုပ်ငန်းတွေထဲက ပျောက်ကွယ် လုလုလုပ်ငန်းတစ်ခုကတော့ ခုံဖိနပ်လုပ်ငန်းပါပဲ။

-တစ်ဦးကတော့ အလုပ်သမား ငါးဦးခန့်နဲ့ လုပ်ကိုင်နေပြီး ကျန်တစ်ဦးက အလုပ်သမား သုံးဦးခန့်နဲ့ လုပ်ကိုင်နေပါတယ်။

-လက်ခအနေနဲ့ တစ်နေ့ကို ကျပ် ၃,၅၀၀ ၀န်းကျင် ရရှိတဲ့အတွက် လုပ်ငန်းခွင် ထဲမှာ အသက် ၄၀ ကျော်တွေပဲ များပါတယ်။

-လူငယ်တွေ လုပ်ကိုင်လာတာ မရှိတော့ပါဘူး။ အခုဆိုရင် ခုံဖိနပ်လုပ်တတ်သူတွေ မရှိတော့ ပျောက်ကွယ်သွားဖို့ သေချာနေပြီ လို့ မိဘလက်ထက် ကတည်းက ခုံဖိနပ်လုပ် ငန်း လုပ်ကိုင်လာခဲ့တဲ့ ကိုနိုင်က ဆိုပါတယ်။

"ပြောရရင်တော့ ခုံဖိနပ်ခေတ် မရှိတော့ ဘူးပေါ့။ အရင်လို တွင်တွင်ကျယ်ကျယ် မရောင်းရတော့ပါဘူး။ အခုဆိုရင် မင်းကွန်း၊ မန္တလေး၊ မတ္တရာနဲ့ မြင်းခြံဘက်တွေကိုတော့ ပို့နေရသေးတယ်"လို့ သူက စက်တင်ဘာ ၂၅ ရက်မှာ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။ ခုံဖိနပ်တွေ ဈေးကွက်ထဲမှာ ရောင်းနေ ရသည့်တိုင် ကုန်ကြမ်းဖြစ်တဲ့ သစ်ရှားပါးလာ ပြီး ၀ယ်ယူရတာ ခက်တာမို့ လုပ်ငန်းကြာရှည် ရပ်တည်နိုင်ဖို့ အခက်အခဲတွေ အများအပြား ရှိနေတယ်လို့ ကိုနိုင်က ဆိုပါတယ်။ "ခုံဖိနပ်လုပ်ဖို့ လက်ပံသားတွေကို ဈေး ကြီးပေးပြီးတော့ ၀ယ်ယူရပေမဲ့ ဈေးကွက်ထဲ ပြန်လည်ရောင်းချရင် တစ်ရံကို ကျပ် ၅၀၀ ကျော်ရင် ရောင်းမကောင်းဘူး။ အခုဆို သစ်တွေ ရှားပါးလာတဲ့အတွက် လုပ်ငန်း တွေ ရပ်ထားရတဲ့လတွေ ရှိတယ်"လို့ သူက ပြောပါတယ်။ ခုံဖိနပ်တစ်ရံဖြစ်ဖို့အတွက် သစ်လုံးတွေ ကို ဖိနပ်အရွယ်အစား ဖြတ်တောက်ထား ရပြီး အထူအပါးဖြစ်အောင် ခုတ်ပေးရပါ တယ်။

ထွက်လာတဲ့ပုံစံကို လိုချင်တဲ့ပုံစံ လှီးထုတ်ကာ ပုံကြမ်းပြုလုပ်ပေးရပါတယ်။ ခုံဖိနပ်တစ်ရံဖြစ်ဖို့ အဆင့် ခုနစ်ဆင့်လောက် ပြုလုပ်ရတယ်လို့ သဲဖြူချောင်းရွာမှာ ခုံဖိနပ် လုပ်ငန်း လုပ်ကိုင်သူ နောက်တစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်းက ဆိုပါတယ်။ "ခုံဖိနပ်အတွက် သဲကြိုးကို တာယာကြိုး တွေနဲ့ တပ်ပေးပါတယ်။ အမျိုးအစား အစုံ အလင် ရှိပါတယ်။ ကလေးစီး၊ ယောက်ျား၊ မိန်းမစီးတွေပေါ့။ အခုဆိုရင် မိန်းမစီးတွေ ကို သဲကြိုးလေးတွေ အသစ်ထွင်ပြီး လုပ်ထား တယ်။ ခုံဖိနပ်က သဘာဝ အအေးဓာတ် ရှိတဲ့အတွက် မျက်စိကျန်းမာရေးအတွက် စီးသင့်ပါတယ်"လို့ သူက ပြောပါတယ်။ မိရိုးဖလာလုပ်ငန်းဖြစ်တာမို့ အခက်အခဲ တွေ ရှိနေပေမဲ့ ပျောက်သွားမှာ စိုးရိမ်တဲ့အတွက် ယနေ့တိုင် လုပ်ကိုင်နေရတာဖြစ်ပြီး အကျိုး အမြတ်နည်းတယ်လို့ ဆိုကြပါတယ်။

Soure : myanmar.mmtimes



Follow us on