1. Home
  2. Myanmar News

ကြိုးဆွဲချမြင်ကွင်းအား ကြည့်ရှုပြီး အိမ်ပြန်ရောက်လာ ကြိုးဆွဲချသေဆုံး

Myanmar News ก.ย. 27, 2559 view 2,467
အိမ်နီးနားခြင်းတစ်ဦး ကြိုးဆွဲချသေဆုံးနေသည့် မြင်ကွင်းကို ကြည့်ရှုခဲ့ပြီးနောက် အိမ်ပြန်ရောက်သည့်အခါ ကြိုးဆွဲချသေဆုံးသွားသည့် ဖြစ်ရပ်တစ်ခု မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၅ ရက်နေ့က မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် သုခိတာလမ်း၂ လမ်းထဲတွင် ​နေထိုင်သူ မျိုးဇော်ဦး အသက် ၂၅ နှစ်က လမ်းဘေး ဗာဒံပင်တွင် ကြိုးဆွဲချသေးဆုံးခဲ့သည်။ 
အဆိုပါ မြင်ကွင်းကို သွားရောက်ကြည့်ရှုသူ အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးက အိမ်သို့ပြန်လာခဲ့ပြီး ၎င်းမြင်တွေ့ခဲ့ရသည့် ကြိုးဆွဲချမြင်ကွင်းကို ပြန်လည် သရုပ်ပြမည်ဟု ဇနီးနှင့် သမီးဖြစ်သူအား ပြောကာ အိမ်အပေါ်ထပ်မှ အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ အချိန်အတန်ကြာသည်ထိ မည်သည့်အသံမှ မကြားရ၍ ဇနီးဖြစ်သူက အောက်ထပ်သို့ ဆင်းကြည့်သည့်အခါ နေအိမ်၏ စတီးလှေကားလက်ရမ်းတွင် ပုဆိုးကွင်းသိုင်းကြိုးအတွင်း ကြိုးဆွဲချသေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါပုဂ္ဂိုလ်သည် အစ အ​နောက် အလွန်သန်သူတစ်ဦးဖြစ်ကြောင်းလည်း သိရှိရသည်။
 
အဆိုပါအမှုကို သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျှက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
 
Ref:myanbnews


Follow us on