-Fitness မော်ဒယ်တစ်ဦးဖြစ်ပြီး အများက Miss Iron Bumလို့ တင်စားခေါ်ဝေါ်ကြတဲ့ အသက်၂၂နှစ်အရွယ် Bakhar Nabieva ဟာ သူမဘယ်လိုမျိုး ကြိုးစားလေ့ကျင့်ခဲ့လဲဆိုတာကိုဖွင့်ဟခဲ့ပါတယ်
-သူမဟာ ယူကရိန်းနိုင်ငံအနောက်ပိုင်းမှာနေထိုင်သူလည်းဖြစ်ပါတယ်
-ဘယ်လို လေ့ကျင့်လဲဆိုတာကို သူမလေ့ကျင့်ခန်းလုပ်နေတုန်း ကင်မရာနဲ့ရိုက်ထားပြီး လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့ပါတယ်
ကျွန်မက ငယ်ငယ်တုန်းကဆို အရမ်းပိန်ခဲ့ပါတယ်။ ခြေထောက်လေးတွေက သေးသေးလေးတွေဖြစ်ပြီး အမြဲတန်းအတန်းဖော်တွေက လှောင်ရယ်ကြပါတယ်။ ကျွန်မ အဲ့ဒီအခြေအနေကို စိတ်ကုန်ခဲ့တာကြောင့် ကြိုးစားခဲ့တာပါ။ အဲ့ဒီအချိန်တည်းက အမြဲလိုလို Gymသွားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ မသိခဲ့ပါဘူး။ ဒီလိုပဲ သူများလုပ်တဲ့လေ့ကျင့်ခန်းတွေလုပ်ရင်းနဲ့ တစ်နေ့ ကျွန်မမှန်ထဲကြည့် မိတော့ ကျွန်မမှာ ကြွက်သားတွေရှိလာတာကိုတွေ့ခဲ့ပါတယ်။
အဲ့ဒီအချိန်တည်းက သဘောကျပြီး မရပ်တန့်နိုင်ခဲ့တော့ပါ ဘူး။”လို့ ဆိုခဲ့ပါတယ်။သူမရဲ့ လေ့ကျင့်ခန်းပုံတွေကို အွန်လိုင်းပေါ်မှာတင်ရာကနေ တစ်ဖြည်းဖြည်းနာမည်ရလာပြီး ပရိသတ်ကလည်း သူမကို “Girl with the Iron Bum”လို့နာမည်ပြောင်ပေးခဲ့ကြပါတယ်။ ဒေသခံသတင်းဌာနတွေကတော့ သူမကို ကျွန်တော် တို့နေထိုင်တဲ့ ကမ္ဘာကြီးရဲ့ကောက်ကြောင်းထက်တောင် ပိုလှတဲ့ကောက်ကြောင်းများကို ပိုင်ဆိုင်သူလို့ ချီးကျူးကြပါတယ်။
Soure : shwemom.