1. Home
  2. Myanmar News

ပေါက်ကွဲအား မြင့်မားသော TNT ယမ်းတုံးများ မူဆယ်မြို့နယ်မှာ ဖမ်းဆီးမိ

Myanmar News ก.ย. 14, 2559 view 1,956
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ၊ မော်တောင်းကျေးရွာအုပ်စု၊ မန်းဟန်ပလောင်ကျေးရွာမှာ တောင်ယာလုပ်ငန်း လုပ်ကိုင်သူ၏ နေအိမ်ခြံဝင်းအတွင်းရှိ ထင်းတဲမှ ပေါက်ကွဲအား မြင့်မားသော TNT ယမ်းတုံးများနှင့် ပြောက်ကျားယူနီဖောင်းများ သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။ 
 
၂၀၁၆ စက်တင်ဘာလ (၁၃)ရက်နေ့နေ့လည်က တပ်မ(၃၃)လက်အောက်ခံ အမှတ်(၁၁)ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဦးစီးသော စစ်ကြောင်းမှ သတင်းအရ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာအုပ်စု၊ မန်းဟန်ပလောင်ကျေးရွာနေ ဦးခင်မောင်ဦး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ဖြစ်သူ ဦးခင်မောင်ဦးအား နေအိမ်တွင် မတွေ့ရှိရပဲ ဇနီးဖြစ်သူ ဒေါ်အမ်ဆာ(ဘ)ဦးမောက်ခမ်းရီ၊ အသက်(၃၃)နှစ်၊ တောင်ယာလုပ်ငန်းလုပ်ကိုင်သူအား အသင့်တွေ့ရှိရပါသည်။
 
 
၎င်းနေအိမ်ခြံဝင်းအတွင်းရှိ ထင်းချောင်းများ သိုလှောင်ထားရာ တဲအတွင်းမှ တစ်တုံးလျှင် ၂၀၀ ဂရမ်အလေးချိန်ရှိ TNT-200g စာတမ်းပါ ပေါက်ကွဲအားမြင့်မားသော ယမ်းတုံး(၂၂)တုံး၊ T.N.L.ARMY တံဆိပ်ပါ အစိမ်းရောင်ပြောက်ကျား ယူနီဖောင်းအင်္ကျီ(၃)ထည်၊ အစိမ်းရောင်ပြောက်ကျား ဘောင်းဘီ(၁)ထည်၊ အစိမ်းရောင်ဦးထုပ်(၃)လုံး၊ အစိမ်းရောင် အီကွေးမင့်(၁)ခု၊ ကျောပိုးအိတ်(၁)လုံး တို့အား ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိပါသည်။ 
 
Source: Nay Myo (Lashio News)


Follow us on