1. Home
  2. Special or Others

ရေလွှာစကိတ်စီးတဲ့ ၆ လသားအရွယ် ကလေးလေးလေး

Special or Others ก.ย. 08, 2559 view 1,606
၆ လသား အရွယ်သာ ရှိသေးတဲ့ "အူဘမ်းအက်ဘရှာ" ဆိုတဲ့ ကလေးငယ်လေးကို ဖခင်ဖြစ်သူက ရေပြင်ပေါ်မှာ စကိတ်စီးနိုင်အောင် လေ့ကျင့်သင်ကြားပေးနေတဲ့ ဗီဒီယိုကို အွန်လိုင်းပေါ်တင်ထားခဲ့ပါတယ်။ ၆ လသား ဆိုတဲ့ အရွယ်ဟာ ပုံမှန်အားဖြင့် အစားအစာ ခပ်မာမာလေးတွေကို စမ်းကျွေးကြည့်ဖို့ လေ့ကျင့်ရမယ့်အချိန်မှာ ဒီကလေးကတော့ ရေလွှာစကိတ်စီးနေပါပြီ။ 
 
"အူဘမ်းအက်ဘရှာ" ဟာ ၆ လ နဲ့ ၁၀ ရက်သာ ရှိသေးလို့ ကမ္ဘာပေါ်က ရေလွှာစကိတ်စီးသမားတွေထဲမှာတော့ အသက်အငယ်ဆုံးပဲလို့ သူ့ရဲ့ဖခင်က ဂုဏ်ယူဝင့်ကြွားစွာပြောပါတယ်။ မြောက်ကယ်ရိုလိုင်းနားရေကန်ကျယ်ကြီး တစ်ခုမှာ ရေလွှာစကိတ်စီးနည်း မျိုးစုံကို လေ့ကျင့်ပေးနေခဲ့တာဖြစ်ပါတယ်။
 
@Popolay


Follow us on