1. Home
  2. Myanmar News

နီနီခင်ဇော်အတွက် ဂီတဆုတံဆိပ်တစ်ခုနဲ့ အားပေးစကားပြောခဲ့တဲ့ ဆောင်းဦးလှိုင်

Myanmar News ก.ย. 06, 2559 view 1,957
"မျှော်လင့်ချက်တစ်စုံတစ်ရာ" တေးသီချင်းနဲ့ လက်တွဲညီခဲ့ကြတဲ့ တေးရေးအဆိုတော် ကိုဆောင်ဦးလှိုင်က ညီမငယ် နီနီခင်ဇော်အတွက် သူရရှိခဲ့တဲ့ ဂီတဆုတံဆိပ်လေး တစ်ခုနဲ့အတူ ခွန်အားဖြစ်စေမယ့် စာသားလေးတွေကို သူ့ရဲ့ facebook ကနေ စက်တင်ဘာလ ၅ ရက်နေ့က ရေးသားအားပေးခဲ့ပါတယ်။ ယခုသတင်းဝေမျှချိန်ထိ ကိုဆောင်းဦးလှိုင်ရဲ့ Wall မှာ နောက်ဆုံး status အဖြစ်ရှိနေပါသေးတယ်။
 
ဖြစ်ပျက်ခဲ့သမျှတွေကို
ရဲဝံ့စွာရင်ဆိုင်ရင်း
ပိုမိုမြင့်မားတဲ့ အောင်မြင်မှုတွေဆီ
အရောက်သွားပါ ငါ့ညီမေရ…
 
အရွယ်နဲ့မမျှအောင်
ကြုံခဲ့လေတဲ့
လောကဓံတွေကို
အံတုကျော်ဖြတ်လာခဲ့တဲ့ ငါ့ညီမရဲ့
အတိတ်နေ့ရက်တွေအကြောင်း မသိခဲ့ဖူးပေမယ့်
စတင် အလုပ်တွေလက်တွဲလုပ်ကတည်းက
အကို အကောင်းဆုံး ကူညီဖေးမနိုင်ခဲ့သလို
ဆက်လက်ပြီးလည်း
အားပေးကူညီနေဦးမှာပါ…
 
ငါ့ညီမအသံကြောင့်
အကိုရခဲ့ဖူးတဲ့ 
အကို့ဘဝရဲ့
တစ်ခုတည်းသော ဂီတနဲ့ပါတ်သက်တဲ့
ဆုတံဆိပ်လေး အမှတ်တရတင်ပေးလိုက်ပါတယ်…
 
၅.၉.၂၀၁၆
ဆောင်းဦးလှိုင်
 
Ref: SaungOoHlaing Facebook


Follow us on