1. Home
  2. Myanmar News

ဂျပန်နိုင်ငံမှ ရန်ကုန်မြို့တွင် တည်ဆောက်ပေးသည့် မိုးလေ၀သရေဒါသစ်မှာ မကြာမီ စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်

Myanmar News ส.ค. 09, 2559 view 1,917

မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းအတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ဖြစ်မယ့် မိုးလေ၀သ တာဝါမှာမကြာမီစတင် အသုံးပြုနိုင်တော့မယ်လို့သိရပါတယ်။အဖြူနှင့်အပြာရောင် ခြယ်ထားပြီး ထိပ်အမိုးခုံး ပါဝင်သည့် ရေဒါအဆောက်အုံမှာ ၇၅ မီတာမြင့်ကာ ရန်ကုန်မြို့၏အအောက်အအုံမြင့်စာရင်းတွင်ပါဝင်လာပါတယ်။

ထိုရေဒါသည် အချင်းဝက် ၄၅၀ ကီလိုမီတာ အကွာအဝေးအတွင်းရှိ မိုးရွာသွန်းမှုနှင့် လေတိုက်ခတ်မှု အချက်အလက်များကို စုဆောင်းပေးနိုင်ကာ နိုင်ငံ၏ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းတွင် အရေးပါသည့် အစိတ်အပိုင်းဖြစ်လာမည်ဖြစ်သည်။ထိုရေဒါကို ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ Tasisei ကတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။အလားတူ မန္တလေးမြို့၌ တည်ဆောက်နေသည့် ရေဒါမှာလည်း လာမည့်နွေရာသီတွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ပါတယ်။

Soure : Thithtoolwin



Follow us on