1. Home
  2. International News

ဖွင့်ထားတဲ့ Desktop ကွန်ဗျူတာမှ နားကြပ်ဖြင့် သီချင်းနားထောင်ရင်း ဓါတ်လိုက်သေဆုံး

International News มิ.ย. 20, 2559 view 2,113

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမွတ်ပရာကန် ခရိုင်အတွင်း ကောင်လေးတစ်ယောက် နားကြပ်တပ်ဆင်ထားပြီး သေဆုံးကြောင်း စမွတ်ပရာကန် ခရိုင် ရဲများကို တိုင်ကြားချက်အရသိရပါတယ်။

အသက် ၂၄ နှစ် အရွယ်ရှိ သေသွားသည့် ကောင်လေးသည် Desktop ကွန်ဗျူတာ ဖွင့်ရင်း နားကြပ်တပ်ဆင်ထားပြီး သီချင်းနားထောင်နေခဲ့ရာမှ သေဆုံးသွားတယ်လို့ သိရပါတယ်။

ကောင်လေးရဲ့ ချစ်သူရည်းစား မိန်းခလေးပြောပြချက်အရ အဆက်အသွယ် မပြတ်ခင် ကောင်လေးနဲ့ Facebook Chat ကနေ စကားပြောခဲ့ပါသေးတယ်။ စကားပြောပြီးနောက် ပြန်ဆက်သွယ်၍ မရတော့မှ ကောင်လေးနေတဲ့ အခန်းကို လာကြည့်ပါတယ်။ တံခါးလာခေါက်ကြည့်တော့ ပြန်ဖြေမည့်သူလဲမရှိ။ တံခါးလဲ အထဲကနေ ပိတ်ထားတော့ ဖွင့်လို့မရ။ တိုက်က အစောင့်ကို သွားအကူအညီတောင်းပြီး ဖွင့်ကြည့်လိုက်တော့ အသက်မရှိတော့ကြောင်း သိလိုက်ရသည်။

ရဲတွေရဲ့ စစ်ဆေးချက်အရ ကောင်လေးသေစေတဲ့ အကြောင်းရင်းကတော့ ကောင်းကောင်းမသိသေးပေမဲ့ Laptop ကွန်ဗျူတာမှ တစ်ဆင့် နားကြပ်ကနေ ဓါတ်လိုက်လို့ သေသွားတာဖြစ်နိုင်ကြောင်း ပြောပါတယ်။ သေစေတဲ့ အကြောင်းရင်း အတိအကျကိုတော့ ဆက်လက် စစ်ဆေးစဲ ဖြစ်ပါတယ်။

Source:http://goo.gl/2U4KFR



Follow us on