1. Home
  2. Special or Others

တောက်တဲ့အကိုက်ခံရပြီး ပြန်ခွာမရဖြစ်ခဲ့သည့် ထိုင်းကလေးငယ်

Special or Others มิ.ย. 17, 2559 view 2,924

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ကလေးတဦး တောက်တဲ့ကိုင်မိရာက တောက်တဲ့က သူ့ကိုပြန်ကိုက်ပြီး တော်တော်နဲ့ မခွာနိုင်တဲ့ပုံ လူမှုကွန်ရက်မှာ ပျံ့နေပါတယ်။ အဆိုပါဓာတ်ပုံကို လမ်းပန်းခရိုင် ၀မ်းနေမြို့နယ် ကယ်ဆယ်ရေးအဖွဲ့က သူတို့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဇွန် ၁၆ ရက်နေ့က တင်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းစကားပုံမှာ တောက်တဲ့ဆိုတဲ့အကောင်က တွယ်မိရင် မိုးကြိုးပစ်မှ ခွာလို့ရတယ်ဆိုတဲ့ ဆိုရိုးစကားရှိကြောင်း ရေးသားထားပါတယ်။ ဓာတ်ပုံ တက်လာပြီးတဲ့နောက် တောက်တဲ့ကိုင်ပြီး ငိုနေတဲ့ ကလေးကို အားလုံးဝိုင်းသနားနေပြီး တောက်တဲ့ ခွာထုတ်နည်းအမျိုးမျိုး ရှိပါလျှက်နဲ့ ကလေးကို အရင်မကယ်ဘဲ ဓာတ်ပုံသာရိုက်နေတဲ့သူကိုလည်း ပြစ်တင်ဝေဖန်နေကြပါတယ်။

တောက်တဲ့ အကပ်ခံရရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေနဲ့ သူ့ပါးစပ်ကို သုတ်လိမ်းရင် လွှတ်ချကြောင်း၊ တချိုကတော့ ရေနဲ့ လောင်းချနိုင်ကြောင်း၊ တချို့ကတော့ တောက် တဲ့နှုတ်ခမ်းကို လက်ညှိုးလက်မနဲ့ ညှစ်လိုက်ရင် ကိုက်ထားတဲ့အရာကို လွှတ်လိုက်မှာဖြစ်ကြောင်း တယောက်တမျိုး အကြံပေးချက်တွေလည်း တက်လာပါတယ်။ ကော်မန့်တခုမှာတော့ အဲဒီကလေးဟာ နန့်မြို့နယ်ကဖြစ်ပြီး သူငယ်ချင်းတွေက နောက်ပြောင်ကျီစယ်ရင်း တောက်တဲ့ရှိနေတဲ့ သစ်ပင်ဆီတွန်းချခံရတာလို့ ပြန်ရေးပါတယ်။ နောက်ဆုံးမှာ လူကြီးတွေက တောက်တဲ့ပါးစပ်ကို ဇွန်းနဲ့ဟပြီး ကလေးကို ကယ်တင်ခဲ့တယ်လို့ ဆိုပါတယ်။

 

 

Credit : http://burmese.dvb.no/



Follow us on