တွင်းတောင်သည် ဘုတလင်မြို့နယ်တွင် တည်ရှိသည်။ တွင်းတောင်ပတ်လည် အကျယ်အ၀န်းမှာ လေးမိုင်ခန့်ရှိသည်။ ရေပတ်လည်အကျယ်အ၀န်းမှာ သုံးမိုင်ခန့်ရှိသည်။ တွင်းတောင်ထဲမှ ရေသည် ချင်းတွင်းမြစ်နှင့် ဆက်စပ်လျှက်ရှိသည်။ ချင်းတွင်းမြစ်ရေ ကျလျှင် တွင်းတောင်ကန်ရေတက်သည်။ ချင်းတွင်းမြစ်ရေတက်လျှင် တွင်းတောင်ကန်ရေတက်သည်။ ကန်ရေသည် အခြားကန်ရေများနှင့်မတူပေ။ ညိုညစ်သည်။ နီစပ်သည်၊ ရေညှိရောင်အတိုင်း ဖြစ်သည်။ ကြည်လင်ခြင်းမရှိ။ ချွဲပျစ်ပျစ်ဖြစ်သည်။ ရေလည်းငန်သည်။ ကန်အတွင်း ရေဆင်းချိုးလျှင် ဆပ်ပြာမတိုက်ပဲ ဆပ်ပြာတိုက်ထားသကဲ့သို့ဖြစ်သည်။ လက်နှီးစုပ်တစ်ခုကို ချကြည့်လျှင် ဆပ်ပြာတိုက်ပြီး လျှောက်ပြီးသကဲ့သို့ ဖွေးဖြူနေတတ်သည်ဟု ပြောကြသည်။
တွင်းတောင်ကန်အတွင်း ပိုးလောက်လန်းနှင့်တူသည့် တွင်းမိုးနှင့် ဖြုတ်ကဲ့သို့သော ပိုးကောင်ငယ်ကလေးနှစ်မျိုးသာ တွေ့ရသည်။ ငါး၊ လိမ်၊ ဖား၊ ပုဇွန်စသည်တို့မနေနိုင်ဟု သိရသည်။ တွင်းတောင်တစ်လျှောက် ရေချိုတွင်းများတူးပြီး ကွမ်းစိုက်သည်။ တွင်းကွမ်းနာမည်ကြီးသည်။ တွင်းကွမ်းနှင့် တွင်းပိုးသည် တွင်းတောင်၏ နာမည်ကြီး ထွက်ကုန်ဖြစ်သည်။ တွင်းပိုးသည် ဥပုသ်နေ့တွင်သာပေါ်သည်။ တစ်နှစ်လျှင် တစ်လသာ ရနိုင်သည်။ မိုးအုံနေလျှင် တွင်းပိုးများ ကမ်းစပ်တွင် အလိုအလျောက် ပေါ်လာတတ်သည်။ တွင်းပိုးကို လက်ပိုက်၊ သို့မဟုတ် ဆန်ကာဖြင့် ဆယ်ယူပြီး ရေနွေးဖြောရသည်။ အချဉ်ထည့်ရသည်။ အစိုအဖြစ် စားသုံးနိုင်သည်။ နေလှန်းအခြောက်ခံပြီး အခြောက်အဖြစ်ကြော်စားနိုင်သည်။ တွင်းတောင်ရေထဲတါင် ဓာတ် ၁၆မျိုးမျှ ပါဝင်နေသည်ဟု ဟော်လန်နှင့် ဂျပန်သုတေသီများက ဆိုသည်။
အဆိုပါတွင်းတောင်အင်းတွင် ကမ္ဘာ့ရှားပါး သဘာဝသယံဇာတဖြစ် သော စိမ်းပြာရေညှိစပီရူလိုင်းနား ထွက်ရှိမှုကို ၁၉၈၄ ခုနှစ်က တွေ့ရှိခဲ့ ပြီး ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်မှ စက်ရုံတည်ဆောက်၍ ပရိုဗီမင်အား ဆေးအဖြစ် စီးပွားဖြစ်ထုတ်လုပ် ခဲ့ ကြောင်း၊ ယင်းကန်အတွင်း၌ သက် ရှိဟူ၍ တွင်းပိုးတစ်မျိုးသာနေထိုင် နိုင်ပြီး ဖောင်း ရစ်များဖြင့် အလျား တစ်လက်မခန့်ရှိကာ စားသုံးရာတွင် အရသာရှိသည့် အင်းဆက်ပိုးမွှား တစ်မျိုးဖြစ်ကြောင်း သိရသည်။ (မှတ်ချက်။ ၂၀၁၄၊ ဂျွန်လက Democracy today သတင်းဖော်ပြချက်အရ တွင်းတောင်၌ စိမ်းပြာရေညှိနှင့် တွင်းပိုး လုံးဝ မထွက်တော့ ဟုလည်းသိရသည်။ နောက်ပိုင်းရေချိုများဝင်ရောက်လာမှုကြောင့် ငါးများလည်းရှိလာသည်ဟု မြ၀တီအင်တာနက်သတင်းက ဖော်ပြဖူးသည်)
Credit : https://www.facebook.com/pannpwint/