မင်းသမီးချော Sarah ဟာ အီလီနွိုက်စ်ပြည်နယ်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ငယ်စဉ်ကလေးဘဝကတည်းက သရုပ်ဆောင် ဝါသနာပါသူတစ်ဦးပါ။ ၂၀၀၃ ခုနှစ်မှစတင်ပြီး အနုပညာလောကမှာ ခြေချခွင့်ရခဲ့တဲ့ သူမဟာ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ချို့ရဲ့ ဇာတ်ပို့ဇာတ်ရံ နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာ စတင်ပြသခဲ့တဲ့ Prison Break ထောင်ဖောက် အကျဉ်းသားတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်င်ဇာတ်လမ်းတွဲမှာ ထောင်တွင်း သူနာပြုဆရာမလေးအဖြစ် အဓိကဇာတ်ဆောင် မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကို တခဲနက်ရရှိခဲ့ပါတယ်။
Law & Order: Special Victims Unit, House, The Walking Dead နဲ့ Colony ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားကာ Prison Break ဇာတ်လမ်းတွဲရဲ့ နောက်ဆက်တွဲဇာတ်လမ်း Prison Break: The Final Break မှာလည်း သူမ သရုပ်ဆောင်တဲ့ ဇာတ်ကောင်ကို အဓိက ဇာတ်လမ်းဆင် ရိုက်ကူးပြသရတဲ့အထိ ပရိသတ်တွေ အားပေးမှုရရှိခဲ့ပါတယ်။
Sarah ဟာ Whisper, Faces in the Crowd, Foreverland, Into the Storm နဲ့ Pay the Ghost ရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ကာ လက်ရှိ ရုံတင်ပြသနေပြီး ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ The Other Side of the Door သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားမှာ သားဖြစ်သူကို အရမ်းချစ်တဲ့ မာရီယာဆိုတဲ့ မိခင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးချော ဆာရာကို ၁၉၇၇ ခုနှစ် ဇွန်လ ၁ ရက်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။Credit:Duwun