ယမန်နေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီပိတ် ပွဲစဉ် တွေအနက် မန်ယူ နဲ့ ဘုန်းမောက် အသင်းတို့ ကစား မယ့် ပွဲစဉ် ဟာ မန်ယူ အသင်းရဲ့ ပွဲကြည့်စဉ် မှာ သံသယဖြစ် ဖွယ် အထုပ် တထုပ် တွေ့ရှိမှုကြောင့် ပွဲကို ရွှေ့ ဆိုင်းခဲ့သလို ပရိသတ်တွေကိုလည်း ပွဲကြည့်စင် က နေ ဆုတ် ခွာ ဖယ် ရှားစေခဲ့ပါတယ် ။ ရဲတပ် ဖွဲ့ က ၀င် ရောက် ရှာဖွေ နေစဉ် မှာပဲ ပွဲကို ဖျက် သိမ်းလိုက် ကြောင်း ကြေငြာခဲ့ပါတယ် ။
ယခုထုတ် ပြန် ချက် အရ လာမယ့် အင်္ဂါနေ့ည ( မြန်မာစံတော် ချိန် ဗုဒ္ဓဟူးနေ့ နံနက် ၂ နာရီ ) မှာ ပြန် လည် ကစားမှာဖြစ်ပြီး ထွက် ခွာ ခဲ့ရတဲ့ ပရိသတ်တွေကို အခမဲ့ပြန် လည် ပွဲကြည့်ခွင့်ပေးမယ် လို့ သိရပါတယ် ။ အဆိုပါ ပွဲကို ကြည့်ဖို့ မန်ယူ ပရိသတ် တဦးဟာ ဆီရီရာ လီယွန် လို့ ခေါ်တဲ့ ဝေးကွာလှတဲ့ အာဖရိကနိုင် ငံ တခုက နေ လာရောက် ခဲ့ပေ မယ့် ယူနိုက်တက် ကွင်းအတွင်း ပထမဆုံးခြေချတဲ့ ပွဲမှာ ပွဲပျက် ခဲ့တာကြောင့် ကံဆိုးခဲ့တယ် လို့ ဆိုရမှာဖြစ် ပါတယ် ။ ဒါပေမယ့် အဆိုပါ ပရိသတ်ကို လာမယ့် ၀င် ဘာလေကွင်းမှာ ကစားမယ့် FA Cup ဗိုလ် လုပွဲကို ကြည့် ရှုခွင့်ပေးမယ် လို့ သိရတဲ့ အတွက် သူ့အတွက် ကံ ကောင်းခဲ့ပြန် တယ် လို့ ပြန် ဆိုရမလိုပါ ။
အိုးထရက်ဖို့ဒ် ကွင်းအတွင်း ရဲတပ် ဖွဲ့ဝင် တွေ ၀င် ရောက် စစ် ဆေးခဲ့ရာမှာတော့ ဖုန်းနဲ့ ၀ိုင် ယာတွေ ပတ် ထားတဲ့ အထုပ် တထုပ် ကို တွေ့ရှိခဲ့ တယ် လို့ သိရပါတယ် ။ ဒါကြောင့် ဗုံးဖြစ် စဉ် လို့ သတ် မှတ် ခဲ့ပြီး မိုင်း ရှာ ခွေး တပ် ဖွဲ့ကို ပါ အသုံးပြုခဲ့ကြပါတယ် ။ နောက် ဆုံး ရရှိခဲ့တဲ့ အ ဖြေက တော့ အဆိုပါ အထုပ် ဟာ လုံ ခြုံ ရေး အဖွဲ့တခုက ပွဲ မစတင် မီ ရက် ပိုင်းက ကွင်းအတွင်း လုံခြုံရေး လေ့ကျင့်ခန်းတွေ လုပ် ဆောင် နေစဉ် မေ့လျော့ကျန် ရစ် ခဲ့တဲ့ အထုပ် ဖြစ် တယ် လို့ ထွက် ပေါ်လာခဲ့ပါတယ် ။ “ဒီပစ္စည်းကို ထိန်းချပ် နိုင် ပြီးတဲ့ နောက် သိလိုက် ရတာက ဒါဟာ ပြင် ပ လုံခြုံရေး အဖွဲ့အစည်း တခုရဲ့ လေ့ကျင့်ရေးသုံး ပစ္စည်းဆိုတာပါပဲ ။
ဒီပွဲ မတိုင် မီရက် တွေက လေ့ကျင့်ရင်း မေ့ကျန် ခဲ့တာဖြစ် နိုင် ပါတယ်” လို့ မန်ချက်စတာရဲတပ် ဖွဲ့ အကြီးအကဲ က ပြောဆိုသွားခဲ့ပါတယ် ။ “ဒီဟာ က တကယ့်ပေါက် ကွဲ သေ ကြေ စေတဲ့ အရာမဟုတ် ပေမယ့် တကယ့် ဗုံးအစစ် နဲ့ တူအောင် ပြုလုပ် ထားတဲ့ အရာပါ ။ ဒါကြောင့် ဘာဆိုတာ သေချာမသိရခင် မှာ ပရိသတ်တွေကို ကွင်းက နေ စွန့်ခွာဖို့ ဆုံးဖြတ် ခဲ့တာဟာ မှန်ကန် တဲ့ လုပ် ရပ် တခုပါ ။ ကျွန်တော် တို့ ပရိသတ်တွေရဲ့ အသက် တွေ နဲ့ အ လောင်း အစား မလုပ် နိုင် ပါဘူး” လို့လည်း အဆိုပါ ရဲအကြီးအကဲက ပြောဆိုသွားခဲ့ပါတယ် ။ အဆိုပါ ဖြစ် စဉ် ကြောင့် ပရိသတ်တွေ ထိတ် လန့် ခဲ့ကြ ပေမယ့် ၇ သောင်း နီးပါးရှိတဲ့ ပရိသတ်တွေကို စနစ် တကျ ကွင်းက နေထွက် ခွာစေခဲ့ပြီး ဒဏ် ရာရရှိမှု မရှိခဲ့ဘူးလို့ သိရှိရပါတယ် ။ ပရိသတ်တွေ မရှိတော့တဲ့ နောက် မှာ ကွင်းကို လုံခြုံရေးအင် အား ၂ သောင်းခန့် နဲ့ ပိတ် ဆို့ထားခဲ့ပြီး ရှာဖွေရေးပြုလုပ် ခဲ့သလို ကွင်း အနီး မှာရှိတဲ့ ဘူတာရုံတွေကိုလည်း ပိတ် ထားခဲ့ရပါတယ် ။
မန်ချက်စတာယူနိုက်တက် အသင်းသားတွေက လုံခြုံရေးအ စောင့် အ ရှောက် တွေ နဲ့ ဦးစွာထွက် ခွာသွားခဲ့ပြီး ဘုန်းမောက် အသင်း ရဲ့ ဘတ်စ်ကားက တော့ မကွာဟတဲ့ အချိန် မှာ ဆက် လက် ထွက် ခွာသွားခဲ့ပါတယ် ။ မန်ယူ အသင်းဟာ ယခုပွဲစဉ် ရွှေ့ဆိုင်းခဲ့တာကြောင့် ပဲလေ့စ် နဲ့ ကစားမယ့် FA Cup ဗိုလ် လုပွဲ အတွက် ပြင် ဆင် ချိန် နည်းပါးသွားခဲ့ရပြီဖြစ် သလို မန်စီးတီး အသင်း သ ရေ ကျခဲ့တာကြောင့် ချန်ပီယံလိဂ် ၀င် ခွင့် ကို ဆုံး ရှုံးဖို့လည်း ရာနှုန်းပြည့် သေချာနေပြီလို့ ဆိုရမှာဖြစ် ပါတယ် ။ မန်စီးတီး အသင်းဟာ မန်ယူ အသင်းထက် ဂိုးကွာခြားမှု အသာရရှိထားတာကြောင့် ဘုန်းမောက် အသင်းကို ၁၉ ဂိုး ပြတ် အောင် သွင်းနိုင် ပါမှ လာမယ့် ရာသီ ချန်ပီယံလိဂ် ၀င် ခွင့်ကို ယူနိုက်တက် အသင်းရရှိနိုင် မှာဖြစ် ပါတယ် ။ ဒီဖြစ် ရပ် ရဲ့ အဓိက တရားခံက တော့ ဘယ်သူ ဖြစ် လာမလဲဆိုတာ ဆက် လက် ကြည့် ရှုရဦးမှာပါ ။
Credit sports Myanmar
comment