အခုတလော အင်တာနက်မှာ အပြောများနေကြတဲ့ ပူပူနွေးနွေး YKKO ရဲ့ Service Amount ကိစ္စဖြစ်ပါ တယ်။ တစ်ခြားနိုင်ငံက ဆိုင်ကြီးတွေမှာ တော့ ဒီလို Service Fee တွေ ပေးရလေ့ရှိတယ်။ မြန်မာ နိုင်ငံမှာလဲ တစ်ချို့ဆိုင်ကြီးတွေမှာလဲ တွေ့ဖူးပါတယ်။ ဒီကိစ္စ ဘယ်လိုမြင်ကြလဲ? စားသုံးသူဘက်က မှန်သလား? YKKO ဘက်က မှန်သလား?
ဒီအောက်ကဟာကတော့ YKKO စားသုံးသူ တစ်ယောက်က ရေးသားထားတာလေး ဖြစ်ပါတယ်။
YKKO ကြေးအိုးဆိုင် ပိုင် ရှင် ခင် များ
ကျွန်တော် ဒီနေ့ည ၈ ၃၀ က တာမွေအဝိုင်းထိပ် ocean super market တွင် ဖွင့်လှစ်ထားသော ykko ဆိုင် တွင် သွားရောက်စားသောက်ခဲ့ပါသည် ကြေးအိုးဆီချက် ပွဲသေး ၂ ပွဲပါ အားလုံးပေါင်း 7854 ကျပ်ကျပါတယ်။
ဈေးမေးတော့ တပွဲ ၃၂၀၀ ကျပ်ပါ Tax က 374 ကျပ်ပါ မရှင်းတာက service amount ပါ 680 ကျပ်။ ကျွန်တော်က service amount ကဘာလဲမေးတာ အလုပ်သမားခတဲ့။ နိုင်ငံတော်ကို အခွန်ပေးနိုင်ပါတယ် အလုပ်သမားခ တော့မပေးနိုင်ပါဘူး။ ခင်များဆိုင်က အလုပ်သမားခကို ကျွန်တော်ကပေးရမှာလား ဆိုင်မှာ လာစားတဲ့လူတွေကို ဘယ်လိုထင် ပါသလဲ အရူးထင် လို့လား။ လာအားပေးတဲလူတွေကို ကွယ်ရာမှာ ရီနေမှာလား ငတုံးတွေ ငါတို့ကြိုက်သလို တောင်းလို့ရတယ်။ လာအားပေးတဲသူတွေကို မ စော်ကားပါနဲ့ လူအများစုက မသိလို့ ဒါမှမဟုတ် မပြောချင် လို့ တချို့ကျရှက်လို့ ဒါကို အခွင့်ကောင်းမယူပါ နဲ့။ ကျွန်တော် ရှာတဲ့ငွေကို ခင်များကို အလကား မ ပေးနိုင် ဘူး။
အားလုံးကိုယ်စားထပ်ပြောမယ် လာအားပေးတဲ့ သူတွေကိုစော်ကားပါနဲ့။ အပြင် မှာ ကြေးအိုး ဆီချက် ပွဲ ကြီးတပွဲ ကို ၂၈၀၀ ပါ ၂ ယောက်စား လို့ ရပါတယ်။ အရသာလဲ ကောင်းပါ တယ် ။ရွှေနဂါး ဆီချက် ဆိုင် မှာ သွားစားကြည့်ပါ ခင်များဆိုင်ထက်ကောင်းပါတယ်။ မတန်မရာကို ဈေးကြီးပေး လာစားနေတဲ့ ပြည်သူတွေကို ဒီလိုဂွင်မရိုက်ပါနဲ့ နိုင် ငံတော်ကို Tax ပေးမယ်။ခင် များအလုပ်သမား တွေကို လခမ ပေးနိုင် ပါဘူး။
ခင်များနိုင်ငံတော်ကို အခွန်တကယ် ဆောင်ပါ။ စားသုံးသူကို မ စော်ကားပါ နဲ့။ ခင်များတနေ့ကိုပျမ်းမျှ service amount သုံးသိန်း ကနေ ငါးသိန်း ရမယ်။ အလုပ် သမားတွေကို တလတခါ တစ်ယောက်ကို ရွှေတကျပ်သားလုပ်ပေးလား မလုပ်ပေးဘဲမိန်းမကိုလုပ်ပေးရင်ခင်များ မိန်းမ ကျုပ်တို့လာ စားရင် ကျုပ်တို့ဝိုင်း မှာ service လုပ် ခိုင်းပါ။
ထပ်ပြောမယ် စားသုံးသူ ပြည်သူ တွေ ကို လိမ်ပြီး ပိဆပ် မယူပါနဲ့ ငတုံးတွေ လို့ မ ထင် ပါ နဲ့ စားသုံးသူ ကာကွယ် ရေးအ သင်း ရှိတယ်။ ဒဏ် ခတ် ခံရ မယ် ဝဋ် လိုက်မယ်။ သတိထားပါ နောက် အပြင် မှာ ကြေးအိုး သွားသောက်ကြည့်ပါ ဘယ်လောက် ကုန်လဲ ဘယ်တာပိုကောင်းလဲ သိရတာပေါ့။
ရေးသားသူ - Violet Orchid Lay